Connect with us

Politics, Law & Military

ဘူးသီးတောင်မြို့နယ်၌စိတ်ကြွရူးသွပ်ဆေးပြား ၁၅သန်းကျော်ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၉၉,ဝဝဝ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာရဲစခန်းမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မေယုမြစ်အတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ဘူးသီးတောင်မြို့နယ် ဦးကျော်(ခ)သာစည်အုပ်စု လိုင်ရှည်ပြင်ကျေးရွာအဝင် ချောင်းကွေ့ဆက်အနီးရှိ လမုတောအရောက်တွင် အရှည် ၃၂ ပေခန့်၊ အနံ ငါးပေခန့်၊ရေစူး နှစ်ပေခန့်ရှိ လောင်းလှေ တစ်စင်းပေါ်တွင် ဆာလာအိတ်များအား မိုးကာဖြင့်အုပ်ထားသည်ကို တွေ့ရှိရသဖြင့် သက်သေများနှင့်အတူ ကြည့်ရှုစစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြားပါကင်ထုပ် ၁၆၄ ထုပ် (စုစုပေါင်း စိတ်ကြွဆေးပြား ၁,၅၉၉,ဝဝဝ) အား တွေ့ရှိသိမ်းဆည်းရရှိခဲ့သဖြင့် သက်ဆိုင်ရာက အမှုဖွင့်ထားကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.