Connect with us

Culture & Entertainment

ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုရသည့် အကြောင်းရင်းများအား အသိပေးချက်ထုတ်ပြန်

ပုဂံဘုရားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုရသည့် အကြောင်း ရင်းများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တက်ရောက်ခြင်းမပြုရသည့် အကြောင်းအရင်းများအား အသိပေးခြင်းအား ယနေ့ထုတ်ပြန်လိုက်သည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံ များမှာ အေဒီ (၁၁) ရာစု၊ ၁၂ရာစု နှင့် (၁၃) ရာစုနှစ်များအတွင်း တည်ဆောက်ထားသော ရှေးဟောင်း အဆောက်အအုံများ ဖြစ်သည့် အတွက် နှစ်ကာလအားဖြင့် သက်တမ်း (၈၀၀) ကျော် (၉၀၀)နီးပါး ကြာမြင့်ခဲ့ပြီး သဘာ၀ ဘေးဒဏ်များကိုလည်း ပုဂံခေတ်ကတည်းက ယနေ့ထိတိုင်အောင် ကြိမ်ဖန်များစွာ ခံစားခဲ့ရသော ကြောင့် မျက်မြင် ခန့်မှန်းမသိရှိနိုင်သည့် အန္တရာယ်များ ရှိနိုင်ကြောင်း သိရသည်။

အချို့ဘုရားများတွင် အပေါ်တက်ရောက်ရန် လှေကားများမှာ မတ်စောက်ခြင်းနှင့် ပစ္စယာများရှိ စဉ့်ကွင်းများ ပျောက်ဆုံးနိုင်ခြင်းကြောင့်လည်းကောင်း၊ အလယ်မဏ္ဍိုင် မပါဝင်ဘဲ အာရုံခံကျယ်ပြန့်သည့် ဂူဘုရားများတွင် နှစ်ကာလ ကြာရှည်လာသည့် အပြင် လူဦးရေ ရာဂဏန်းနှင့် တက်ရောက် ပါက ခံနိုင်ဝန်အား မမျှမှုကြောင့် ခိုင်ခန့်မှုအင်အား လျော့နည်းလာခြင်း၊ ပြိုကျမှုများ ဖြစ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘုရားများပေါ်သို့ တက်ရောက်ခြင်းကြောင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် နိုင်ငံခြားသားများ လိမ့်ကျမှု (၄)ကြိမ် ဖြစ်ပေါ်ခဲ့ပြီး၊ (၁) ကြိမ်မှာ အသက်ဆုံးရှုံးသည် အထိ ဖြစ်ပေါ်ခဲ့ဲခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု သိရသည်။

သို့ဖြစ်ပါ၍ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များအနေဖြင့် ပုဂံဒေသသို့ လုံခြုံစိတ်ချဘေးကင်းစွာ သွားရောက်လည်ပတ်နိုင်ရေး အတွက် သိရှိနိုင်ပါရန် အသိပေးအပ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.