ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ကမ္ဘာ့ဖလားပွဲမတိုင်မီ ရုရှားနိုင်ငံတွင် ကျင်းပမည့် Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ဝင်ရောက်ဆင်နွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော် ၌ ဒီဇင်ဘာလ အတွင်း လက်ခံကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၃၁၀၀ ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း...
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၇.၄.၂၀၁၈) ရက်နေ့မှ (၁၀.၄.၂၀၁၈) ရက်နေ့အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် နေရာကျဲကျဲ နှင့် နေရာကွက်ကျားမိုးရွာနိုင်ကြောင်း ထူးခြားမိုးလေဝသအခြေအနေ အားမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ် ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) လှိုင်မြစ်အတွင်း MIP ဆိပ်ကမ်းအနီး၌ ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားကာ တစ်စီး နစ်မြုပ် သွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၌ ကျောက်လိုဏ်ဂူမှ ကျောက်နှင့် မြေသားများ ပြိုကျ၍ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) မြိတ်မြို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉ ရွက်နှင့် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) သြင်္ကန် ကာလ အတွင်း ရန်ကုန်မြို့နေ ပြည်သူများ နှင့် ရန်ကုန်တိုင်းဒေသကြီး ပြင်ပ အခြား တိုင်းဒေသကြီး ၊ ပြည်နယ် များသို့သွားရောက် လိုသည့် ခရီးသွား ပြည်သူများ အတွက် YBS ခရီးသည်တင် ယာဉ်လိုင်းများ နှင့်...
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ဟင်းစားရှာထွက်သော မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) မြောင်းမြကြိုးတံတားကျိုးကျပြီး တံတားနှင့်အတူ ၆ ဘီးကုန်တင်ယာဉ် တစ်စီး ပါသွားရာ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ဆယ်ယူရရှိ ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် မြောင်းမြကြိုးတံတားပြတ်ကျပြီး လေးရက်အကြာ မြစ်ကိုဖြတ်ကူးရန် ဇက်ရေ ယာဉ်တစ်စင်းဖြင့် ဧပြီ...
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ကျွန်းကုန်းကျေးရွာအပေါ်သို့ လေယာဉ်ပျက်ကျမှုမရှိစေရန် ဆောင်ရွက်ခဲ့သော လေသူရဲအား ဗိုလ်မှူး အာကာဝင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးဂုဏ်ပြုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။