Connect with us

Social

သောက်သုံးရေ သန်ရှင်းရေးနှင့် ကျန်းမာရေးထိခိုက်မှုများမှ ကင်းဝေးစေရန် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးတို့အပေါ်တွင် အခြေခံပြီး စီစဉ်သွားမည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

သောက်သုံးရေ သန်ရှင်းရေးနှင့် ကျန်းမာရေးထိခိုက်မှုများမှ ကင်းဝေးစေရန် ရေဝေရေလဲဧရိယာနှင့် ထိစပ်နေသော နေအိမ်(၈)လုံးကို ရေလှောင်တမံနှင့် နီးစပ်နေသည့်အတွက် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည့်အချက်တွေပေါ်မှာ အခြေခံပြီး ဆောင်ရွက်ရန် စီစဉ်သွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

“လူနေအိမ်(၁၀)လုံးအနက် (၈)လုံးဟာ ရေလှောင်တမံနဲ့ ရေဝေရေလဲ ကြိုးဝိုင်းဧရိယာ ဖွဲ့စည်းစဉ်ကတည်းက သိမ်းဆည်းရာမှာ ပါဝင်မှုမရှိတဲ့ ကွင်းအမှတ်(၆၂၁)၊ ဖြူးချောင်းအနောက်ကွင်း၊ ဦးပိုင်အမှတ်(၁၅၅)အတွင်းမှာ ၎င်းတို့ပိုင် ဥယျာဉ်ခြံမြေအတွင်း ဆောက်လုပ်နေထိုင်ကျခြင်းဖြစ်ပါတယ်။ အခြားနေအိမ်(၂)လုံးမှာတော့ သစ်တောကြိုးဝိုင်းအတွင်းမှာ ကျရောက်နေသည့်အတွက် သစ်တောဦးစီးဌာနမှ သစ်တောဥပဒေနဲ့အညီ ဖယ်ရှားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ညောင်ဝိုင်းကျေးရွာအုပ်စုတွင် မြို့နေလူထု၏ သောက်သုံးရေအတွက် အဓိကရေပေးဝေလျှက်ရှိသည့် ရေလှောင်တမံနှင့် ရေဝေရေလဲ ကြိုးဝိုင်းဧရိယာမှာ (၅၅၅)ဧက ရှိပြီး ရေလှောင်တမံ၏ ကြိုးဝိုင်းရေဝပ် ဧရိယာနှင့် ဆက်စပ်လျှက်ရှိသော ပေ(၅၀)အတွင်းတွင် လူနေအိမ် အဆောက်အအုံ (၁၀)လုံး တည်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ၏ ကျောက်တန်းမြို့ကို သောက်သုံးရေပေးဝေသော ရေကန်များ၏ ရေဝေရေလဲဧရိယာအတွင်း နေအိမ်များဆောက်လုပ်အသုံးပြုမှုများကြောင့်် သန့်ရှင်းမှုနှင့် ကျန်းမာရေးထိခိုက်မှုကို မည်ကဲ့သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်းပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.