Connect with us

Social

၁၆ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၂၄၁၈၂ ဆု အတွက် ဆုငွေ ကျပ်သန်းပေါင်း ၁၁,၀၄၅.၄၃၀ ချီးမြင့်မည်

ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ထီဖွင့်ပွဲ တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ဇူလိုင်လ ၁ ရက်တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ဆုမဲ ပေါင်း ၁၂၄၁၈၂ ဆု အတွက် ထီဆုငွေ ကျပ်သန်းပေါင်း ၁၁,၀၄၅.၄၃၀ ခွဲေ၀ ချီးမြင့်မည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲ၏ ထုတ်ပြန် ကြေညာချက် အရ သိရသည်။

၁၆ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ရောင်းချရသည့် ထီစာအုပ်ပေါင်း ၃,၆၈၁,၈၁၀ အုပ် ဖြစ်ပြီး ထီလက်မှတ် စောင်ရေပေါင်းမှာ ၄၀,၄၉၉,၉၁၀ စောင် ဖြစ်ကြောင်း သိရသည်။

ထီလက်မှတ် စာအုပ် ရောင်းရငွေပေါင်းမှာ ကျပ်သန်းပေါင်း ၁၈,၄၀၉.၀၅၀ ဖြစ်သဖြင့် ၆၀ ရာခိုင်နှုန်း ထီဆုငွေ အဖြစ် ခွဲေ၀ ချီးမြှင့်ပေးမည့် ငွေပေါင်းမှာ ကျပ်သန်းပေါင်း ၁၁,၀၄၅.၄၃၀ ချီးမြင့်မည် ဖြစ်ကြောင်း သိရသည်။

ထီဆုငွေများအား အထူးဆုကြီး စနစ် ၊ ဆုတစ်ဆုချင်း စနစ် ၊ ဝေေ၀ဆာဆာ ပဒေသာ ဆုမဲစနစ်များဖြင့် စုစုပေါင်း ၁၂၄,၁၈၂ ဆု ခွဲေ၀ ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၁၆ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “အ” အက္ခရာထိ အက္ခရာ ၃၃ လုံး နှင့် “ကက” အက္ခရာမှ အစဉ်လိုက် “ကဌ” အက္ခရာ ထိ အက္ခရာ ၁၂ လုံး စုစုပေါင်း အက္ခရာ ၄၅ လုံး ရောင်းချခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117