Connect with us

Politics, Law & Military

မူးယစ်ဆေးဝါး အထူး သတင်း တိုင်ကြားရေး ဌာနသို့ပြည်သူများ လုံခြုံစိတ်ချစွာ တိုင်ကြား နိုင်ကြောင်း သမ္မတရုံးက အသိပေး

မူးယစ်ဆေးဝါး အထူး သတင်း တိုင်ကြားရေး ဌာနသို့  တိုင်ကြားနိုင်ကြောင်း အသိပေး ဖော်ပြချက်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

မူးယစ်ဆေးဝါး အထူး သတင်း တိုင်ကြားရေး ဌာနအား ဖွင့်လှစ် ထားရှိထားပြီး ပြည်သူများ အနေဖြင့် ရုံးချိန် အတွင်း တယ်လီဖုန်း ၊ ဖက်စ်ဖုန်း နှင့် အီးမေးလ် လိပ်စာ တို့သို့ လုံခြုံ စိတ်ချစွာ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အသိပေး ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေနိုင်သည့် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ် နှိမ်နှင်းရေး အတွက် ပြည်သူများ အနေဖြင့် တိုင်ကြားနိုင်ရန် မူးယစ်ဆေးဝါး အထူး သတင်း တိုင်ကြားရေး ဌာနသို့ဆက်သွယ်ရန် အော်တို တယ်လီဖုန်း နံပါတ် – ၀၆၇-၅၉၀၂၀၀ ၊ ဖက်စ်ဖုန်းနံပါတ် – ၀၆၇-၅၉၀၂၃၃ နှင့် အီးမေးလ် လိပ်စာ – [email protected] တို့ကို ဖွင့်လှစ် ထားရှိပြီး လုံခြုံ စိတ်ချစွာ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေနိုင်သည့် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ် နှိမ်နှင်းရေး အတွက် ပြည်သူလူထု ထံမှ ပေးပို့တိုင်ကြားလာသည့် သတင်း အချက်အလက်များကို စနစ်တကျ လက်ခံ ရယူရန် မူးယစ်ဆေးဝါး အထူး သတင်း တိုင်ကြားရေး ဌာနကို နိုင်ငံတော် သမ္မတရုံး၏ ဇွန် ၂၂ ရက်စွဲပါ ရုံးအမိန့်အမှတ် (၁၈၇/၂၀၁၈)ဖြင့် ဖွဲ့စည်း ထားရှိပြီး ဖြစ်ကြောင်း အသိပေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.