ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ကြိုးတံတား (၂၉)စင်းကို ပြည်သူများအနေဖြင့် စိုးရိမ်မှု မရှိ အသုံးပြုကြပါရန်နှင့် အဆိုပါ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် အဆိုပါ ကြိုးတံတားများပေါ်တွင် သတ်မှတ် ခံနိုင်ဝန်ထက်...
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဧပြီ ၂ နှင့် ၃ရက်နေ့တို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုများကြောင့် လူသေမှုများနှင့် အပျက်အစီးများစွာရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ မြန်မာအမျိုးသားဘောလုံးအသင်းသည် အာရှ အားကစားပြိုင်ပွဲတွင် နှစ်ပေါင်း ၂ဝ ကျော်အတွင်း တစ်ကျော့ပြန်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်ရန် ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) နေပြည်တော်တွင် မြို့တော်ဝန် မဟာသြင်္ကန် မဏ္ဍပ်အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက် သြင်္ကန်များ လည်း ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြှာကျေးရွာအုပ်စု ရှမ်းတဲကျေးရွာတွင် ဧပြီ ၃ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်၌ စစ်ကျန် ဗုံးသီးဟောင်း ၁၃ လုံး တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီ ၃ရက် ညနေပိုင်းတွင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် အပျက်အစီးများရှိကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မဟာသြင်္ကန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြီး နိုင်ငံတကာက စိတ်ဝင်စားသည့် နှစ်သစ်ကူးပွဲတော် ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ဒုတိယမြောက် AFC Instructor (အာရှဘောလုံးအဖွဲ့ချုပ်နည်းပြ) အဖြစ် ဦးတင်မြင့်အောင် တာဝန်ပေးခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၅,၂၈၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ကျင်းပမည့် မွန်ပြည်သစ်ပါတီ(NMSP)၏ လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ဧပြီ ၂ရက် နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက...