Connect with us

Politics, Law & Military

လွိုင်လင် နှင့် မဘိမ်း မြို့နယ် တို့တွင် ငွေကျပ် ၁၆,၇၁၉.၉၇၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့် အတူ ဖမ်းဆီးရမိသူများအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် လွိုင်လင် မြို့နယ် နှင့် မဘိမ်းမြို့နယ် တို့တွင် ငွေကျပ် ၁၆,၇၁၉.၉၇၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

လွိုင်လင်မြို့နယ်၊ လွိုင်လင် – နမ့်စန်သွားကားလမ်း၊ နယ်ခြားမှတ်တိုင်တွင် မောင်းနှင်လာသည့် MARK X မော်တော်ယာဉ်ကို မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇွန် ၂၃ ရက်တွင် ရှာဖွေရာ မောင်းနှင်လာသူ၏ အင်္ကျီ အိတ်ကပ်အတွင်းမှ အိုက်စ် ၁ ဒသမ ၀၀၁၅ ကီလိုနှင့် ယာဉ်၏ နောက်ထိုင်ခုံ တန်းနှင့်ကြမ်းခင်းကြားမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၆၀၀၀ ပြား ၊ ငွေ ၄၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မဘိမ်းမြို့နယ်၊ ခေါတောကျေးရွာအုပ်စု၊ ဒေသအခေါ် တစ်တောင်ကွေ့၊ ရွှေမျောဟောင်း လျှိုအတွင်းရှိ ယာယီရွက်ဖျင်တဲကို မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ရှာဖွေရာ တဲခြေရင်းမြေကျင်းထဲရှိ ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀,၀၀၀ ပြားနှင့် ဘိန်းဖြူဆပ်ပြာခွက် ၁၇၂ ခွက် (ဘိန်းဖြူအလေးချိန် ၁ ဒသမ ၇၂ ကီလို) တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ဖမ်းဆီးရမိခဲ့သူများအား အရေးယူထားကြောင်း သိရသည်။(Xinhua)