Connect with us

Social

YBS-Airport Shuttle Bus အမည်ဖြင့် လေဆိပ်-ဆူးလေ ယာဉ်လိုင်းအသစ်ပြေးဆွဲ

YBS-Airport Shuttle Bus အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် YBS-Airport Shuttle Bus အမည်ဖြင့် လေဆိပ်-ဆူးလေ ယာဉ်လိုင်းအသစ်ကို ဇွန် လ၂၂ရက် တွင် ယာဉ်အစီးရေ ၃ဝ ဖြင့် စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှု၊ ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA) ၏ ကြီးကြပ်မှုဖြင့် Omni Focus ကုမ္ပဏီ က တာဝန်ယူပြေးဆွဲပေးခြင်း ဖြစ်သည်။

စတင်ပြေးဆွဲရာတွင် ယာဉ်အစီးရေ ၃ဝ ဖြင့် စမ်းသပ်ပြေးဆွဲ ပေးလျက်ရှိပြီး နောက်ပိုင်းတွင် ခရီးသည်စီးနင်းမှုအရ လိုအပ်ချက်များရှိပါက ယာဉ်အစီးရေ ၅ဝ အထိ တိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။ ခရီးသည်များအတွက် ဝန်ဆောင်မှု အပိုင်းကို အဆိုပါ ကုမ္ပဏီက တာဝန်ယူ ပြေးဆွဲပေးလျက်ရှိသောYBS-20၊ 83၊ 56 ယာဉ်လိုင်းများကဲ့သို့ ခရီးသည်များ စိတ်ကျေနပ်မှု ရှိစေရန် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်လိုင်း၌ ပြေးဆွဲမည့်ယာဉ်များတွင်YBS တံဆိပ်ပါရှိမည်ဖြစ်သော်လည်း ယာဉ်လိုင်းနံပါတ် မပါရှိဘဲ Airport Shuttle Bus အမည်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ယင်းသို့ပြေးဆွဲရာတွင် ခရီးသည်များ၏ ခရီးဆောင်အိတ်များနှင့် လက်ဆွဲအိတ်များအတွက် အခကြေးငွေပေးဆောင်ရန်မလို သော်လည်း အနံ့အသက်ပြင်းသည့် အထုပ်အပိုးများနှင့် ကုန်စိမ်း ကဲ့သို့ အိတ်များ၊ ခြင်းတောင်းများကို လုံးဝတင်ဆောင်ခွင့်ပြု မည်မဟုတ်ကြောင်း သိရသည်။

အဆိုပါယာဉ်လိုင်း၏ အသွားမှတ်တိုင်များအဖြစ် လေဆိပ်၊ (၈)မိုင်၊ နဝဒေး၊ ကမ္ဘာအေးဘုရား၊ လမ်းနီ၊ ဟာမစ်တစ်၊ ရွှေဂုံတိုင်၊ ဗဟန်း(၃)လမ်း၊ ကျောက်တိုင်မှတ်တိုင်၊ ယောက်လမ်း၊ ဆူးလေတို့ဖြစ်ပြီး အပြန်မှတ်တိုင်များအဖြစ် ဆူးလေ၊ ဘူတာ ကြီး၊ တိရစ္ဆာန်ဥယျာဉ်၊ ဗဟန်း(၃)လမ်း၊ ရွှေဂုံတိုင်၊ လမ်းနီ၊ ကမ္ဘာအေးဘုရား၊ နဝဒေး၊ (၈)မိုင်၊ လေဆိပ်တို့ဖြစ်သည်။

အလားတူ ဖြတ်သန်းသွားလာမည့် လမ်းများမှာ လေဆိပ်အဝင်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်လမ်း၊ အလံပြဘုရားလမ်းနှင့် ဆူးလေဘုရားလမ်းတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ပြေးဆွဲနေသည့် YBSယာဉ်လိုင်း ၉၆ လိုင်းအထိရှိပြီး ထပ်မံ၍လည်း ရန်ကုန်မြို့ရှိ ပညာရေးတက္ကသိုလ်များကို အခြေပြု၍ ယာဉ်လိုင်းအသစ်များ တိုးချဲ့ပြေးဆွဲသွားရန်စီစဉ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.