ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ငွေကျပ် ၁,၀၈၉ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆန်ခါရွာအနီး မဟာ ကျောက်မျက်ကုမ္ပဏီရှိ စွန့်ပစ်မြေစာပုံ၌ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ဖြူးမြို့ ၏ တောင်အနောက်တောင်ဘက်(၂၅)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၁၂၁၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၃၄၈၀ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ...
ရန်ကုန်၊ ဧပြီ ၁၀ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် E-Band (Uplink 71.125 GHz~75.875 GHz, Downlink 81.125 GHz ~ 85.875 GHz) အတွင်းရှိလှိုင်းနှုန်းများအား ITU Recommendation နှင့်အညီ 250 MHz Bandwidth ရှိသော Channel...
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်တွင် မန္တလေးမြို့တော် မဟာသြင်္ကန်ဗဟို မဏ္ဍပ်ကြီးအပါအဝင် ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ် ၁၆ ခု ဆောက်လုပ်၍ ပါဝင်ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာ ၂ဝ ခန့်တွင် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် ပုဂံဘုရားစေတီများ အနက် ၃ဝ၂ ဆူ ပြုပြင် ပြီးစီးကာ ရာခိုင်နှုန်း အားဖြင့် ၈၀ ရာခိုင်နှုန်းခန့်ပြုပြင်ပြီးစီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် မဟာသြင်္ကန်ပွဲတော်ရက်များအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများ လွှဲပြောင်းခြင်းနှင့် ပိတ်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ်မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး လမ်းလျှောက်သြင်္ကန်ကို နေရာသုံးခုတွင် စည်စည်ကားကား ကျင်းပသွားရန် ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာနှင့် လမ်းတံတားဌာနထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ကန့်ဘလူမြို့နယ်မှ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အတွင်း ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြန်မာ့ရွှေသမင် ကောင်ရေစာရင်းကို မတ် ၂၈ ရက်မှ ၃ဝ ရက်အထိ ကွင်းဆင်း ကောက်ယူခဲ့ရာ သမင်ကောင်ရေ ၈၈၉ ကောင် စာရင်းကောက် ယူရရှိခဲ့ပြီး ၂ဝ၁၇...