Connect with us

Environment, Disasters & Accidents

မန်းရွှေစက်တော်ရာဘုရား အောက်စက်တော်ရာ ရင်ပြင်အထက် (၁၄) ပေခန့် စံချိန်တင်မြင့်တက်

မန်းစက်တော်ရာဘုရားအောက်စက်တော်ရာ ရေဝင်ရောက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မန်းချောင်းရေများ မြင့်တက် လျက်ရှိ ရာဇွန်လ (၁၄) ရက်နေ့တွင် မန်းရွှေစက်တော်ရာဘုရားအောက်စက်တော်ရာ ရင်ပြင်အထက်(၁၄)ပေခန့် စံချိန်တင် မြင့်တက်ခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

(၂၀၁၅) ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် မိုးများရွာသွန်းပြီး မိုးများခဲ့ ခြင်းကြောင့် အောက်စက်တော်ရာတန်စောင်းအတွင်းရင်ပြင်တော် အထက်ကို(၁၁)ပေနှင့် (၄) လက်မအထိ မန်းချောင်းရေ မြင့်တက်ခဲ့ပြီးယခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အောက်စက် တော်ရာ ရင်ပြင်အထက် (၁၄) ပေဝန်းကျင်အထိ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.