Connect with us

Politics, Law & Military

မြန်မာ- ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့ တွေ့ဆုံပြီး မြန်မာ- ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း တွေ့ဆုံပွဲနှင့် နှစ်နိုင်ငံဆွေးနွေးပွဲတို့တွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ထိုင်း နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ သင့်လျော်သည့် ရပိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုများပေးရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ် ဂိတ်များ အဆင့်မြှင့်တင်ရေး၊ရခိုင်ပြည်နယ်အရေးကိစ္စတွင် ထိုင်းနိုင်ငံမှ အပြုသဘော အကူအညီပေးရေး၊ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသောနေရပ်စွန့်ခွာသူများ မြန်မာ နိုင်ငံသို့ ပြန်လည်လာရောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကုန် သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန် ဆက်သွယ်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးတို့နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် အစိုးရ အိမ်တော်၌ကျင်းပသည့် နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ကြပြီး ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအားပြောကြားကြသည်။

တွေ့ဆုံပွဲနှင့် နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီး ချုပ်၊ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.