Connect with us

Environment, Disasters & Accidents

ပုပ္ပားတောင်ကလပ်တွင် မြေပြိုမှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီး

ပုပ္ပားတောင်အားတွေ့ရစဉ်(ဆင်ဟွာ )

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ကလပ်တွင် ယနေ့ နေ့လည် ၁နာရီခန့်တွင် မြေပြိုမှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြေပြိုမှုကြောင့် ပုပ္ပားတောင်ကလပ်အနီး တည်ဆောက်ထားရှိသည့် ရွှေကူချောင်ကျောင်းတိုက်မှ (၃၀×၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် ဆွမ်းချက်ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကနဦးသတင်းအရ သိရသည်။

ယင်း မြေပြိုကျမှု၌ ပုပ္ပားနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျောက်ပန်း တောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.