Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်၃၀၀ ကျော် ယာယီပြောင်းရွှေ့ရ

ပုသိမ်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်မြို့နယ် ဆိပ်ကြီးကျေးရွာပါ ကျေးရွာ/ရပ်ကွက် ၈ ခုအတွင်းရှိ နေအိမ် ၃၄၃ လုံးတို့အား ယာယီရွှေ့ပြောင်းခဲ့ပြီး စာသင်ကျောင်း ၁ ကျောင်း ခေတ္တပိတ်ထားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် တောင်ကျရေများ ဆိပ်ကြီးချောင်း အတွင်းစီးဝင်သဖြင့်ထိုကဲ့သို့ ရေကြီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခြောက်ကောင်ကျေးရွာနှင့် ဆိပ်ကြီးကျေးရွာကြား ချောင်းသာ-ပုသိမ် ကားလမ်းပေါ်တွင် ရေကျော် နေသဖြင့် ယာဉ်လမ်းပိတ်ဆို့လျက်ရှိပြီး ခြောက်ကောင်ကျေးရွာရှိ နေအိမ် ၄၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း ရေနစ်မြုပ်လျက်ရှိသဖြင့် စာသင်ကျောင်းအား ခေတ္တပိတ်ထားကြောင်းနှင့် နေအိမ် ၁ လုံး ရေစီးဖြင့် မြောပါသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.