Connect with us

Politics, Law & Military

အခြေခံ အဆောက်အအုံ ရင်းနှီးမြှုနှံမှုတွင် ပုဂ္ဂလိကကဏ္ဍမြင့်မားစေလိုကြောင်းပြောကြား

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် အဖွင့်မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် နိုင်ငံတကာမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ပါကြောင်း နေပြည်တော် M Gallery Hotel တွင် ယနေ့ နံနက် ကျင်းပသော PPP စနစ် Toll Road and Bridge ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ပြောကြားခဲ့သည်။

“ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမှာ ပုဂ္ဂလိက ကဏ္ဍ အရ ရင်းနှီးမြှုပ်နှံမှုကို မြင့်မားလာစေချင်တယ်၊ ဒါကြောင့် အစိုးရ – ပုဂ္ဂလိက ပူးပေါင်း ဆောင် ရွက်မှု (PPP ) စနစ်ကို စဉ်းစားခဲ့ရတာ ဖြစ်တယ်၊ ဒီစနစ်မှာ ရင်းနှီးမြှုပ်နှံသူဘက်က ငွေကြေးရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပြီး ကြုံတွေ့လာတဲ့ အခက်အခဲမှန်သမျှကို risk ဖြစ်အောင် လုပ်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်လာရေးနဲ့ မြန်မာ ပြည်သူ လူထုအတွက် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ ပိုမို ကောင်းမွန်လာရေးအတွက် နိုင်ငံတကာက နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ချင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

VDB Loi မှ Senior Partner Mr. Edwin Vanderbruggen အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

PPP စနစ် Toll Road and Bridge ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဌာနပိုင်လမ်းများအား ၁၉၉၆ ခုနှစ်မှ စပြီး BOT စနစ်ဖြင့် စတင် ဆောင်ရွက်ခဲ့ရာ တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုခဲ့သော လမ်းများကို ဆန်းစစ်ကြည့်သည့်အခါ စီးပွားရေးအရ တွက်ခြေမကိုက်သော လမ်းများ ၇ှိနေသည်ကို တွေ့ရသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဝင်ငွေ မကာမိသောကြောင့် လမ်းထိန်းသိမ်းရေးတွင် အကန့်အသတ်များ ရှိလာခဲ့ကြောင်း၊ အဆိုပါ လမ်းများကို နိုင်ငံတကာ စံနှုန်းများဖြင့် ကိုက်ညီ အောင် ပြုပြင် ဖြည့်စွက်နိုင်ရန် ယနေ့ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဆွေနွေးပွဲ ရလဒ်များ အပေါ် အခြေခံပြီး BOT လမ်းလုပ်ငန်းများတွင် လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက် သွား မည်ဖြစ် ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ လမ်း၊ တံတား ဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် Public Private Partnership (PPP) စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းကို အထောက်အကူဖြစ်စေရန် ကျင်းပသော ယနေ့ အလုပ်ရုံ ဆွေးနွေံးပွဲတွင် လမ်းအမျိုးအစား၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ဖြတ်သန်း ယာဉ်စီးရေ တို့အပေါ်မူတည်ပြီး လမ်းအသုံးပြုခ နှုန်းထားများ ခွဲခြား သတ်မှတ်ခြင်း၊ ဖြတ်သန်း ယာဉ်စီးရေအ၇ လေးလမ်းသွား၊ ခြောက်လမ်းသွား လမ်းချဲ့ခြင်းတို့ကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ပြင်ဆင် သတ်မှတ်ရေး၊ BOT စာချုပ်ပါ အချက်များကို ပြောင်းလဲလာသော ဥပဒေများအရနှင့် နိုင်ငံတကာတွင်ကျင့်သုံးနေသည့် ပုံ့စံများအရ လိုအပ်ချက်များ ဖြည့်စွက် ပြင်ဆင်ရေး စသည့် အချက်များကို ဆွေးနွေးကြမည်ဟု သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ BOT ကုမ္ပဏီများနှင့် ဖိတ်ကြားထားသော ပြည်တွင်း ပြည်ပ ဧည့်သည်တော်များ၊ VDB Loi မှ တာဝန်၇ှိသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)