ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီး၌ ငွေကျပ်သိန်းပေါင်း ၁ဝ,ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးလေဝသအခြေအနေခန့်မှန်းချက်အားထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) တိကျမှန်ကန်သော မြေနေရာများရရှိရေးအတွက်ရေးဆွဲနေသော ရန်ကုန်မြေပုံကို ၂၀၁၉ ခုနှစ်အတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းနှင့် ပတ်သက်၍ ပထမအကြိမ် ဆွေးနွေးပွဲထံမှ သိရသည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မဟာသြင်္ကန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီထံသို့ သံချပ်များအားကြိုတင်စိစစ်နိုင်ရန် မတ်လ ၂၈ ရက်နောက်ဆုံးထား၍ သီချင်း၊ သံချပ် ဆုပေးမဏ္ဍပ်များ လာရောက်စာရင်းပေးသွင်းကြရန် ရန်ကုန်မဟာသြင်္ကန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ကြေညာချက်ထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) မိုးကုတ် နှစ် (၈၀၀) ပြည့် ပွဲတော် ကာလ အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား လည်ပတ်ရန် ခွင့်ပြု ထားကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၏ သောက်သုံးရေသန့်ရရှိစေရန် ပထမဦးဆုံး ပရောဂျက်အနေဖြင့် စမ်းသပ် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း နှစ်စဉ်နွေရာသီကာလများတွင် သောက်သုံးရေအခက်အခဲရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော် မတီ ရေသန့်ဌာနနှင့် ပူးပေါင်း၍ AG Resources Myanmar Co,Ltd မှ တည်ဆောက်သည့် ရေသန့်စက်ဖြင့် နေ့စဉ် ရေချို လီတာ ၂သိန်းဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်ကြီးခရိုင်အတွင်း ပြန်လည်စွန့်လွှတ်အပ်နှံသော မြေဧရိယာ ၁၉၆၉ ဧကအား သက်ဆိုင်ရာ မူလပိုင်ရှင်တောင်သူများ ထံ ပြန်လည်လွှဲ ပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် အတွင်း တရားမဝင် ကျွန်း/ပိတောက်သစ် တန် ၆၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ နေမင်းရောင်ခြည်အသင်း(အသေးစား ငွေရေးကြေးရေး လုပ်ငန်း)မှ ချေးငွေထုတ်ချေး ရာတွင် ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၁၅၉ ရွက်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။