Connect with us

Politics, Law & Military

ငလျင်ဘေးသည် အဓိက အလေးထား ဆောင်ရွက်ရမည့် စိန်ခေါ်မှု ဖြစ်ဟု ဆို

လူကယ်ပြန် ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ငလျင်ဘေးအန္တရာယ်သည် မြန်မာနိုင်ငံတွင် အဓိက အလေးထား ဆောင်ရွက်ရမည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ယနေ့ ပြောကြားသည်။

“၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ငလျင်လှုပ်ခတ်မှု အကြိမ် ၃၁ ကြိမ်၊ ဖေဖော်ဝါရီ မှာ ၁၃ ကြိမ်၊ မတ်လမှာ ၁၁ ကြိမ်နဲ့ ဧပြီလမှာ ၂၀ ကြိမ် … လှုပ်ခတ်မှုတွေကို ကြည့်ခြင်းအားဖြင့် ငလျင်ဘေးအန္တရာယ်ဟာ မြန်မာနိုင်ငံမှာ အဓိက အလေးထား ဆောင်ရွက်ရမည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာတာကို တွေ့ရပါ တယ်” ဟု နေပြည်တော် Grand Amara Hotel တွင် ယနေ့နံနက် ပြုလုပ်သော အမျိုးသား အဆင့် ငလျင်ဘေး အန္တရာယ် ကြိုတင် ပြင်ဆင်ခြင်းနဲ့ တုံ့ပြန်ရေး စီမံချက် (National Earthquake preparedness and Response Plan) ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ECHO မှ နည်းပညာ အကြံပေး Ms. Cantoni Clementina အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

UNDP မှ Mr. Biplove Choudhary အမှာစကား ပြောစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် ငလျင်ဘေးဖြစ်ပွားနိုင်ခြေ များသောနိုင်ငံဖြစ် ကြောင်း၊ ငလျင်ဘေး၏ ဖျက်ဆီးနိုင်မှု စွမ်းအားသည် အင်မတန်ကြီးမားပြီး နိုင်ငံ၏ ဖွ ံ့ဖြိုး တိုးတက်မှု များကို ထိခိုက်စေသည့်အပြင် နောင်လာမည့် နှစ်ပေါင်းများစွာတိုင်အောင် ဖွံ့ဖြိုးမှုများကို နှေးကွေး နိုင်စေ ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၁ မတ်လ တာလေ ငလျင်ဘေး၊ ၂၀၁၂ နိုဝင်ဘာလ သပိတ် ကျင်း ငလျင်ဘေး၊ ၂၀၁၆ ဧပြီလ ကလေးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်နှင့် သြဂုတ်လ၌ ဖြစ်ပွားခဲ့သော ချောက် ငလျင်ဘေးတို့မှာ အသက်အိုးအိမ် များစွာ ပျက်စီး ဆုံးရှုံးခဲ့ရုံသာမက တန်ဖိုး မဖြတ်နိုင်သော စေတီပုထိုးများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာ ဆုံးရှုံးခဲ့ရကြောင်းလည်း ၎င်းကပြန်လည် သုံးသပ် ပြောဆိုခဲ့သည်။

“ငလျင်ဘေးနဲ့ ပတ်သက်ပြီး ာကိုတင် ကာကွယ်မှု အစီအစဉ်တွေ ၊ ပြင်ဆင်မှုတွေ ထားရှိ ဆောင်ရွက် ရုံသာမက ပြည်သူ တစ်ရပ်လုံးကပါ တစ်တပ်တအား ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ အရေးကြီးပါ တယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ပြည်သူများ ကိုယ်တိုင်ပါဝင်သည့် ဇာတ်တိုက် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အသိပညာပေး ဇာတ်လမ်းတိုများ ထုတ်လွှင့်ပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နံရံကပ် ပိုစတာများ ဗီနိုင်းများ စိုက်ထူခြင်း စသည့် ထိရောက်သော နည်းလမ်းများဖြင့် ပြည်သူများ၏ စိတ်ဝင်စားမှု၊ ပူးပေါင်း ဆောင်ရွက်မှုမများ အားကောင်းလာစေရန် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန် ့ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်း ကဏ္ဍအလိုက် သက်ဆိုင် ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၊ NGO, INGO နှင့် CSO များ၊ အလှူရှင်များကလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.