Connect with us

Politics, Law & Military

မြန်မာဥပဒေ ဝက်ဘ်ဆိုက်သည် တရာဥပဒေစိုးမိုးရေးကိုအထောက်အကူ ပြုမည်

ပြည်ထောင်စုရှေ့ နေချုပ် ဦးထွန်းထွန်းဦးအမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၂၄ ရက် (ဆင်ဟွာ)

ဥဒေ ပြဌာန်းချက်များ၊ ထုတ်ပြန်ချက်များအားလုံးကို ပြည်သူများလက်လှမ်းမီစေရေးအတွက် ယနေ့စတင်ထုတ်လွှင့်လိုက်သော ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေ website သည် တရားဥပဒေစိုးမိုးရေးအတွက် များစွာအထောက်အကူ ပြုစေမည်ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကပြောသည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေထဲကဦးစားပေးကဏ္ဍဖြစ်တဲ့ တရားဥပဒေစိုးမိုးမှု တိုးတက်လာရေးကိုအထောက်အကူဖြစ်စေမည့် မြန်မာ့ ဥပဒေသတင်းအချက်အလက်စနစ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ website မှတစ်ဆင့် ဒီနေ့ စတင် ထုတ်လွှင့်နိုင်ပါပြီ၊ ပြည်သူများအနေနဲ့ ဥပဒေသတင်းအချက်အလက်တွေကိုအင်တာနက် ဝက်ဘ်ဆိုက်မှတစ်ဆင့် မိုဘိုင်းဖုန်းများမှ တစ်ဆင့် အလွယ်တကူ ကြည့်ရှုနိုင်ပါပြီ၊ ဒီစနစ်ကြောင့် ဥပဒေအသိပညာတွေ တိုးပွားကြပြီးတရားဥပဒေစိုးမိုးရေးအတွက် များစွာအထောက်အကူပြုစေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံအစိုးရ ဥပဒေပြုဝန်ကြီးဌာန ဝန်ကြီး Ms. Kim Oe-sookအမှာစကားပြောစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာကိုရီးယားနိုင်ငံသံအမတ်ကြီး Mr. LeeSang-hwaအမှာစကားပြောကြားစဉ် (ဆင်ဟွာ)

အခမ်းအနားမြင်ကွင်း(ဆင်ဟွာ)

မြန်မာဥပဒေသတင်းအချက်အလက်စနစ်၌ Burma Code Vol. (1) to (13) အတွဲများပါ ဥပဒေများ၊နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ အပါအဝင် တစ်ဆင့်ခံဥပဒေများကို ပြည့်စုံအောင် ရှာဖွေ စုဆောင်းပြီး ဝဘ်ဆိုက်တွင် တင်ပြထားကြောင်း၊ တည်ဆဲဥပဒေများသာမကဥပဒေသမိုင်းကြောင်းသိရှိနိုင်ရေးအတွက် ရုပ်သိမ်းပြီးဥပဒေများကိုလည်းဖော်ပြထားကြောင်း၊ ဥပဒေတစ်ခုချင်း၏ မူလ ပြဌာန်းချက်၊ ပြင်ဆင်ချက်၊ ပြင်ဆင် အကြိမ် အရေအတွက်၊ ပြင်ဆင်သည့် ခုနှစ်နှင့် အကြောင်းအရာစသည်တို့ကိုအလွယ်တကူရှာကြည့်နိုင်ရန် ဆောင်ရွက်ထားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာတရားစီရင်ထုံးများကိုလည်းထည့်သွင်းဖော်ပြထားကြောင်း၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကိုအချိန်နှင့် တစ်ပြေးညီ ဖြည့်စွက် ဖော်ပြပေးမည်ဖြစ်ကြောင်း၊ ဥပဒေတစ်ရပ်သည် မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားသောအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်နှင့်သက်ဆိုင်ပါက ၎င်းစာချုပ်ကိုပါ ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း၊ ဥပဒေများကို မြန်မာဘာသာအပြင် အင်္ဂလိပ် ဘာသာဖြင့် လည်းတင်ပြသွားမှာ ဖြစ်ကြောင်း၊ ဥပဒေဆိုင်ရာသတင်းအချက်အလက်များကိုဌာနအဖွဲ့အစည်းအလိုက် ကဏ္ဍနယ်ပယ်အလိုက် ခွဲခြားဖော်ပြထားသဖြင့် မိမိတို့အလိုရှိရာအချက် အလက် များကိုအလွယ်တကူအခမဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီးဥပဒေသုတေသီများအတွက် Law Library တစ်ခုကဲ့သို့ အထောက်အကူဖြစ်စေနိုင်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ကရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြန်မာဥပဒေသတင်းအချက်အလက် စနစ် (Myanmar Law Information System) ကို KOICA အကူအညီဖြင့် နှစ်နှစ်ခန့်အချိန်ယူဆောင်ရွက်ထားခြင်း ဖြစ်ပြီးwww.mlis.gov.mmသို့ ယနေ့မှ စပြီး ဝင်ရောက် ကြည့်ရှုနိုင်ကြောင်းသိရသည်။

နေပြည်တော် Hilton Hotel တွင် ယနေ့နံနက်ပြုလုပ်ခဲ့သောအဆိုပါ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မြန်မာဥပဒေသတင်းအချက်အလက် စနစ် စတင်ထုတ်လွှင့်ခြင်းအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပြည်နယ် – တိုင်းဒေသကြီးများမှ ဥပဒေအရာရှိများ နှင့်အတူကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး၊ ကိုရီးယားသမ္မတနိုင်ငံဥပဒေပြု ဝန်ကြီးဌာန ဝန်ကြီး၊ KOICA ၏ ဌာနေကိုယ်စားလှယ် များတက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.