Connect with us

Sport

အောင်လအန်ဆန် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ် ဆက်လက် ကာကွယ်ရန် ဇွန် ၂၉ ရက်တွင် ယှဉ်ပြိုင် ထိုးသတ်မည်

အောင်လအန်ဆန် ၂၀၁၇ ခုနှစ် အတွင်း ၀မ်းမစ်ဒယ် ၀ိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုအား ရယူခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ)

မြန်မာ့ စပါးအုံး ခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ဆက်လက် ကာကွယ်ရေး အတွက် ဂျပန် နိုင်ငံမှ KEN HASEGAWA နှင့် ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် “ONE SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်ကြောင်း ယနေ့မေ ၂၄ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ချန်ပီယံ တစ်ယောက် အနေဖြင့် လာရောက် ယှဉ်ပြိုင် သူ မှန်သမျှကို အလဲထိုး အနိုင်ယူ သွားမည် ဖြစ်ကြောင်း ၊ ခါးပတ်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစား အားထုတ် သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားထားသည်။

ဝမ်းကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စိန်ခေါ်သူ KEN HASEGAWA က “ဒီခါးပတ် အတွက် အောင်လအန်ဆန်နဲ့ ရင်ဆိုင် တွေ့ဆုံရမှာကိုလည်း ဂုဏ်ယူပါတယ်။သူရဲ့အောင်မြင်မှုတွေနဲ့အတူ သူကိုလည်း ကျွန်တော် လေးစား ပါတယ်။ဒါပေမယ့် ဒီပွဲမှာ အောင်နိုင်မယ်လို့ကျွန်တော်မှာ ယုံကြည်မှု ရှိပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် Vitaly Bigdash ကို အလဲထိုးကာ အနိုင်ယူခဲ့သည်ဟု ဒိုင်များ ၏ တညီတညွှတ်တည်း ဆုံးဖြတ်မှု နှင့် အတူ ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူ ဆွတ်ခူး ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.