နေပြည်တော် ၊ မတ် ၂၆ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲအား မတ် ၂၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး သီလဝါ အထူးစီးပွားရေးဇုန် သီလဝါဆိပ်ကမ်း တွင် အထွေထွေ ကုန်စည်သင်္ဘောနှင့် ကုန်သေတ္တာသင်္ဘောများ ဆိုက်ကပ် နိုင်သည့် တတိယမြောက်ဆိပ်ကမ်းကို မတ် ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ကျောက်တော်ကြီး ဘုရားဝင်းအတွင် မြန်မာ့သနပ်ခါး ပွဲတော်ကို မတ် ၃၀နှင့် ၃၁ရက် နှစ်ရက် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီကျော်၌ ကျပ်သိန်းပေါင်း ၁၉,၄၈၈ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးတွင် လာမည့်ဧပြီလတွင် နေလမ်းကြောင်းတည့်မတ်ချိန်ဖြစ်သည့်အတွက် ပုံမှန်အပူချိန်ထက် ပိုပူနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွားလိပ်မျိုးစိတ်သည် လက်ရှိတွင် ၁၁မျိုးအထိ ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၂၄ရက် နေ့လည် ၁၂နာရီခွဲတွင် ဒေသန္တရလက်လုပ်မိုင်းဟောင်း (သက်မဲ့)တစ်လုံးတွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်တွင် ချင်းတွင်းသြင်္ကန်ကာလအတွင်း ရေကစားကြမည့် ပြည်သူများ ရေနှင့်ပတ်သက်သည့် အန္တရာယ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်ဆိပ်ကမ်း (သီလဝါဒေသ) တွင် ဆိပ်ခံတံတားများ တည်ဆောက်ရန် မြေကွက်ရယူထားသော လုပ်ငန်းစတင်ရန် ဆောင်ရွက်ဆဲ၊ လုပ်ငန်းများ လုပ်ဆောင်နေဆဲကုမ္ပဏီများအနေဖြင့် ဆိပ်ခံတံတားများ အမြန်ဆုံးတည်ဆောက် ဖွင့်လှစ်သွားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်ငွေကျပ်သိန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။