Connect with us

Sport

မြန်မာ့လက်ရွေးစင်ယူ-၁၉အသင်းကို ပဏာမဘောလုံးသမား ၃၀ ဦးဖြင့် ဖွဲ့စည်း

မြန်မာ့လက်ရွေးစင်ယူ-၁၉အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်ယူ-၁၉အသင်းကို ပဏာမဘောလုံးသမား ၃၀ ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်ကာ အာဆီယံယူ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာယူ၁၉အသင်း ဖွဲ့စည်းရေးအတွက် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ဦးဆောင်သောအဖွဲ့သည်မေလ ၂၊၃၊၄ ရက်နေ့များတွင် မြန်မာနေရှင်နယ်လိဂ်အသင်းများမှ အသက် ၁၉နှစ်အောက် ကစားသမားများဖြင့် လူရွေးချယ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းစနစ်ဌာန၏ scouting team များမှ MNL 1, MNL 2 နှင့် သက်တမ်းအလိုက် U-21, U-19, U-20, U-19 လိဂ်ပွဲစဉ်များကြည့်ရှု ရွေးချယ်ထားသည့် ပဏာမ ကစားသမား ၉၇ ဦးအား မေလ ၂၊ ၃၊ ၄ ရက်များတွင် ခြေစမ်းပွဲစဉ်များ ကစားစေကာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117