ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းစားဆေး ကျပ် ၃သန်းကျော်ဖိုး ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ သိန်းကျော်အထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရေတံခွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဇန်နဝါရီလ (၆)ရက် နံနက်(၉း၄၅)နာရီအချိန်တွင် တယ်လီဖုန်းအင်တာနာသံပိုက်လုံးထောင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က UNODC နှင့် ပူးပေါင်း ဆောင်ရွက်သော စာတမ်း ဖတ်ပွဲကို ၂၀၁၈ ဇန်နဝါရီ ၂၂ နှင့် ၂၃ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဟု ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး အစီအမံဖြင့် ဆောင်ရွက်နေသည့် လင်းယုန်စီမံချက် အဆင့် (၁) အား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ကလေးဝမြို့၏ တောင်-အရှေ့တောင်ဘက် (၁၉)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကဒ်ပြား (NV card) များကို ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ အမျိုးသား (၆၀၉၇) ဦးနှင့်...
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ဆိုင်ရာအခကြေးငွေများ ပြောင်းလဲကောက်ခံခြင်းအတွက် အများပြည်သူသဘောထား တောင်းခံခြင်းဆိုသည့် ထုတ်ပြန်ချက်အား ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့ ထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သူရဘွဲ့ ရရှိ ငါးဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၆၃ ဦးနှင့် ဂုဏ်ထူးဆောင် လက်မှတ် ၁၇၉ ဦးရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။