Connect with us

Education & Health

ယီမင် Houthis လက်နက်ကိုင် အဖွဲ့အစည်း က ဆော်ဒီအာရေဗျ နိုင်ငံ အား ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိ

ယီမင် Houthis လက်နက်ကိုင် အဖွဲ့အစည်း က ဆော်ဒီအာရေဗျ နိုင်ငံ သို့ ပစ်ခတ် ခဲ့သည့် ဒုံးကျည် အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့က ယီမင် Houthis လက်နက်ကိုင် အဖွဲ့အစည်း သည် မတ်လ ၂၅ ရက်နေ့ ညပိုင်းအချိန်တွင် ဆော်ဒီအာရေဗျ နိုင်ငံ အတွင်းသို့ ဒုံးကျည် ၇ စင်းဖြင့် တိုက်ခိုက် ခဲ့ရာ ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် တားဆီး နိုင်ခဲ့သော်လည်း ဒုံးကျည် အပိုင်းအစ များကြောင့် လူပေါင်း ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ညွန်ပေါင်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ က ထုတ်ပြန်ကြေညာချက်တွင် ဒုံးကျည် ၇ စင်း အနက် ၃ စင်းသည် ဆော်ဒီအာရေဗျ နိုင်ငံ မြို့တော် ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျန် ၄ စင်းမှာ ယီမင် နယ်စပ် အနီးရှိ ဆော်ဒီအာရေဗျ နိုင်ငံ နယ်နိမိတ် အတွင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဒုံးကျည်အားလုံး ကို ဆော်ဒီအာရေဗျ နိုင်ငံ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ က တားဆီး နိုင်ခဲ့သော်လည်း မြို့တော် Riyadh သို့ ပစ်ခတ် ခဲ့သည့် ဒုံးကျည် တစ်စင်း တားဆီးဖျက်ဆီး ခဲ့ရာ တွင် ဒုံးကျည် အပိုင်းအစ များက လူနေအိမ် တစ်ခု ထံသို့ ကျရောက်ခဲ့ပြီး နေအိမ် အတွင်းရှိ လူတစ်ဦး သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယီမင် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ယီမင် Houthis လက်နက်ကိုင် အဖွဲ့အစည်း သည် မတ်လ ၂၅ ရက်နေ့ ညပိုင်း အချိန်တွင် ဆော်ဒီအာရေဗျ နိုင်ငံ ရှိ လေဆိပ် ၄ ခု အပါအဝင် အခြား ပစ်မှတ်များကို ဒုံးကျည် ဖြင့် တိုက်ခိုက်မှုဆောင်ရွက် ခဲ့ကြောင်း ၊ ယီမင် Houthis လက်နက်ကိုင် အဖွဲ့အစည်း က ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့ က ယီမင် နိုင်ငံ ပြည်သူများကို သတ်ဖြတ်ခဲ့ခြင်း ကို လက်တုန့်ပြန်မှု ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.