နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ် သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း အနှစ် (၇၀) ပြည့် လွတ်လပ်ရေး နေ့အခမ်းအနားသို့ နိုင်ငံတော် သမ္မတက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ၂၀၁၈ အာရှဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ရန် ယနေ့နံနက် ၈နာရီ အချိန်က ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ဆိုင်ရာ ကော်မတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များမှ ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးသူများစခန်း (IDP) ကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ဆွေးနွေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရား ဥပဒေ စိုးမိုးရေး ၊ မှုခင်း ကျဆင်းရေး လုပ်ငန်းများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် လင်းယုန်စီမံချက်ကို ဇန်နဝါရီလ ၁ ရက်မှ...
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လူကုန်ကူးမှု ၂၂၅မှုဖြစ်ပွားပြီး တရားခံ ၆၄၈ဦး ဖမ်းဆီးအရေး ယူနိုင်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ယနေ့ ဇန်နဝါရီ ၂ ရက်၌ ခန့်အပ် တာဝန်ပေးအပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်၌ ၂ဝ၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၅၅၅ ကြိမ် ဖြစ်ပွား ခဲ့၍ ၁၁၆ ဦးသေဆုံးပြီး ၈၆၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ကလေးဝမြိ့ု၏ အနောက်တောင်ဘက် (၇)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ် နှစ်သစ် အခါသယမတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း...