ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သည့် ဆန္ဒအမှန်နှင့် စိတ်ရှည်သည်းခံပြီး ဆက်လက် အမြန်ဆုံးအောင်မြင်အောင်စွာ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့ကျင်းပသော NCAလက်မှတ်ရေးထိုးခြင်း အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) AFC Cup ၂၀၁၈ အုပ်စု(G) ဘောလုံးအုပ်စုပွဲစဉ်တစ်ပွဲအဖြစ် အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ဖေဖော်ဝါရီ ၁၃ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက အိမ်ရှင်ဘာလီအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သံလွင်ဈေးအရှေ့ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင်နယ် မြေမီးသတ်စခန်း သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ပါဝင် လက်မှတ်ထိုးသည့် အခမ်းအနားကို နေပြည်တော် MICC II ၌...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စု(က) လက်ကျန်ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ကာဂျစ္စတန်နှင့်မြန်မာ ပွဲစဉ်ကို ကြားကွင်း အဖြစ် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ Incheon Football Stadium ၌ ယှဉ်ပြိုင် ကစားရန် အာရှဘောလုံး အဖွဲ့ချုပ်မှ ဆုံးဖြတ်လိုက်ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ကျောက်တောင်စောင်းပြိုကျ၍ ၂ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၌ ပေါက်ကွဲစေတတ်သောပစ္စည်းပြုလာရာတွင် အသုံးပြုနိုင်သည့် အမိုနီယမ်နိုက်ထရိတ် ၁၉၀ အိတ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွက်ညိုတောင် ကျေးရွာအနီး နတ်မြစ်အတွင်း၌ ငွေကျပ်သိန်းပေါင်း ၁၉ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) တည်ဆောက်ဆဲသင်္ဘောအား ဝရိန်ဆော်စဉ် မီးများပွင့်ထွက်ရာမှပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးပြီး လူအများဒဏ်ရာရရှိကြောင်း၊ ထိုပေါက်ကွဲမှု နှင့် ပတ်သက်၍ အမှုဖွင့် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို မတ် ၂၄ ရက် မှ ၂၅ ရက် အထိ ပြုလုပ် သွားရန် လျာထား ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။