ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာစဉ်လာမပျက် ကျင်းပမည့် ဒသမအကြိမ်မြောက် ရထားဆွဲပွဲ တော်ကြီးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက်(တပို့တွဲလပြည့်နေ့)ထိ စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ခြင်းကို ခန့်မှန်းကာလ ၂ဝ၁၈ ခုနှစ် ဧပြီလ၌ စတင်၍ မေလ ပထမပတ်တွင် တံတားပန္နက်တင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပ ပြုလုပ်သွားရန် ရည်ရွယ်ထားပြီး အစီအစဉ်ရေးဆွဲထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) မြန်မာ-တရုတ်-လာအို-ထိုင်း ၄ နိုင်ငံ မဲခေါင်-လန်ချန်းမြစ်ကြောင်း ပူးပေါင်းကင်းလှည့်ခြင်းအပေါ် ညှိနှိုင်းမှု အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ရန်ကုန်မြို့ရှိ Summit Park View Hotelကျင်းပပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) အာဆီယံ တက္ကသိုလ်ကျောင်းသား အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲ များအတွက် မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ် အနေဖြင့် ပြည်ပနည်းပြလေးဦး ငှားရမ်းလေ့ကျင့်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြှားပစ်အဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ယခုနှစ်အတွင်း ကျင်းပမည့် Myanmar Idol Season 3တွင် Winnerရရှိသူကို ကျပ် သိန်းငါးရာဆုချီးမြှင့်ပြီး တစ်ကိုယ်တော် ခွေထုတ်ပေးမည်ဖြစ်ကြောင်း ယခုကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲထံမှ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း – ရသေ့တောင် – ဘူးသီးတောင် – မောင်တော ၆၆ ကေဗွီ ဓာတ်အား လိုင်း တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ်သန်း သုံးသောင်းကျော် ကုန်ကျခံ တည်ဆောက် လျက်ရှိသည်ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက...
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၏ ဝန်ကြီး နှစ်ဦးအား ဇန်နဝါရီ ၁၀ရက်နေ့တွင် မိမိတို့၏ သဘောဆန္ဒအလျောက်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ပိတ်ထားသော ကျောင်း ၂၈၄ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် (၆)နှစ်အရွယ်ကလေးများ Grade-1 သင်ရိုးသစ် တွင် ကျောင်းအပ်လက်ခံခဲ့ပါကြောင်း၊ ယခုနှစ် Grade-1 ကျောင်းသား ကျောင်းသူ ကလေးငယ်များအားလုံး သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် Grade-2 သင်ရိုးသစ်ဖြင့် သင်ယူရမည်ဖြစ်ပါကြောင်း၊ ကျန် ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာ...
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) မြဝတီ၊ ကြာအင်းဆိပ်ကြီးနှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၈၆ ဦး ပြန်လည် ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။