Connect with us

Sport

သုဝဏ္ဏအားကစားကွင်း၌ Mini Pitch တည်ဆောက်လျက်ရှိ

သုဝဏ္ဏအားကစားကွင်း၌ Mini Pitch တည်ဆောက် မှုအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

သုဝဏ္ဏအားကစားကွင်း၌ Mini Pitch (ကစားကွင်းငယ်စား) တည်ဆောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါကွင်းအား အာရှဘောလုံးအဖွဲ့ချုပ်၏ ဖွ့ံ့ဖြိုးရေး အစီအစဉ်များအနက် တစ်ခုဖြစ်သည့် AFC President’s Infrastructure Initiative (အခြေခံအဆောက်အအုံ အစပျိုးဆောင်ရွက်မှု) အနေဖြင့် ပံ့ပိုးကူညီတည်ဆောက် ပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကဲ့သို့ ထိုင်း၊ လာအို၊ ကာဂျစ္စတန်၊နီပေါ၊ မွန်ဂိုလီယား အစရှိသည့် နိုင်ငံများသို့လည်း အာရှဘောလုံးအဖွဲ့ချုပ်မှ မှ Mini Pitch ကွင်းများတည် ပံ့ပိုးတည်ဆောက် ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.