Connect with us

Environment, Disasters & Accidents

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ နေအိမ်ပေါ်သို့ ညောင်ပင် လဲကျရာမှ ၃ ဦး သေဆုံး

ညောင်ပင် လဲကျမှုကြောင့် ထိခိုက် ပျက်စီးမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ကျွန်းစု မြို့နယ်၌ နှစ် ၁၀၀ ခန့်သက်တမ်းရှိ ညောင်ပင်သည် လူနေအိမ် ပေါ်သို့လဲကျမှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီး ဌာနမှ သိရသည်။

ကျွန်းစုမြို့နယ်၊ ကပကျေးရွာအုပ်စု၊ ပသုတ်ကျေးရွာ၊ ရွာလယ်ပိုင်းလမ်းဘေး ဘုန်းတော်ကြီးကျောင်းတောင်စောင်းရှိ နှစ်(၁၀၀)ခန့်၊ လုံးပတ်(၄၀)ပေ၊ အမြင့်(၈၀)ပေခန့်ရှိ ညောင်ပင်ကြီးသည် ဖေဖော်ဝါရီ ၆ ရက် ၊ ည ၁၁ နာရီခွဲ အချိန်ခန့်တွင် အပင်အောက်ခြေဆွေးမြေ့၍ လဲကျပြီး လမ်း၏ တစ်ဖက်ရှိ ပေ၊ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်ပေါ်သို့ လဲကျမှု ဖြစ်ပွားခဲ့ရာ နေအိမ်ပေါ်ရှိ ၇ ဦး အနက် ၄ ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နေအိမ်ပေါ်သို့အပင် လဲကျမှုဖြစ်ကြောင်း သတင်းရရှိခဲ့သဖြင့် ကျွန်းစုမြို့နယ်မီးသတ်စခန်းမှ သန္ဓေ (၆)ဦး၊ အရန် (၂၅)ဦးတို့ဖြင့် သွားရောက် ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ နှင့် သေဆုံးသူများအား ကျွန်းစု မြို့နယ် ပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.