Connect with us

Social

စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင် ၇ ခု၌ ဂျုံသီးနှံ စိုက်ပျိုးရာသီတွင် ဂျုံသီးနှံ ၁၁၉,၂၆၈ ဧက စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စိုက်ပျိုးထားသည့် ဂျုံသီးနှံများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ ခရိုင် ၇ ခု၌ ဂျုံသီးနှံ စိုက်ပျိုး ရာသီ အတွင်း ယခု ဘဏ္ဍာနှစ် ဇန်နဝါရီလကုန် အထိ ဂျုံသီးနှံ ၁၁၉,၂၆၈ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဂျုံစိုက်ပျိုးရာသီ အတွင်း ဂျုံသီးနှံ ၁၉၉,၁၉၆ ဧက စိုက်ပျိုးနိုင်ရေး လျာထားခဲ့ရာတွင် ဇန်နဝါရီကုန်အထိ ၁၁၉,၂၆၈ ဧက လျာထားဧက၏ ၄ဝ.၁၃ ရာခိုင်နှုန်း စိုက်ပျိုး ပြီးစီးခဲ့ပြီ ဖြစ်ကြောင်းနှင့် လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများရှိ ဝန်ထမ်း များမှ တောင်သူများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရေးနည်းပညာများ၊ မြေဆီများ၊ ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုရေး တို့ကို ကွင်းဆင်း လုပ်ဆောင် ပေးလျှက် ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလကုန်အထိ ဂျုံသီးနှံစိုက်ပျိုးပြီးစီးမှု အဖြစ် စစ်ကိုင်းခရိုင် အတွင်းရှိ မြို့နယ် ၃ ခုတွင် ၅၁,၅ဝဝ ဧက၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် ၅ ခုတွင် ၃ဝ,၃၁၃ ဧက၊ ယင်းမာပင် ခရိုင် အတွင်းရှိ မြို့နယ် ၄ ခုတွင် ၁၇,၈၅၅ ဧက၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ် ၄ ခုတွင် ၁၆,၇၁၄ ဧက၊ ခန္တီး ခရိုင်အတွင်းရှိ ဟုမ္မလင်းမြို့နယ်တွင် ၇၉ ဧက၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့နယ်တွင် ၂,၇၈၂ ဧက နှင့် တမူး ခရိုင် အတွင်းရှိ တမူးမြို့နယ်တွင် ၂၅ ဧက စုစုပေါင်း ၁၁၉,၂၆၈ ဧက ကို စိုက်ပျိုး ပြီးစီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ကာလတူတွင် ဂျုံဧက ၁၆၂,၆၅၂ ဧက လျာထား ဧက၏ ၅၉.၈၇ ရာခိုင်နှုန်းအထိ စိုက်ပျိုး နိုင်ခဲ့ပြီး ရာသီကုန်တွင် ၁၆၃,၃၅၅ ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.