ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် အတူလက်တွဲရန် အသင့်ရှိကြောင်း မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် သို့တင်ပြခဲ့သည့် အဖွဲ့ဝင် ၁၂ ဦးပါ အဂတိ တိုက်ဖျက်ရေး ကော်မရှင် အသစ်ကို နိုဝင်ဘာ ၂၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်က သဘော တူကြောင်း၊ သို့မဟုတ် ကန်ကွက် ကြောင်းများ ဆောင်ရွက်မည်ဟု...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၃)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဟူသည့် ဝန်ကြီးဌာန နှစ်ခု တိုးချဲ့ ဖွဲ့စည်းပြီး ၎င်းဌာနများအတွက် ပြည်ထောင်စု ဝန်ကြီး နှစ်ပါး ခန့်အပ်နိုင်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ နိုဝင်ဘာ...
နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြှင့်တင်ရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ နိုဝင်ဘာလ ၁၉ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက်များနှင့် အရှေ့ဘက်မှရွေ့လျား လာသော လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် အရှေ့ဘက်မှ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးလေဝသ အခြေအနေအား ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆု ၃၉ဆုချီးမြှင့်ခဲ့ကြောင်း အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားထံမှ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ၏ ရှမ်းနှစ်သစ်ကူးပွဲတော်သို့ ပေးပို့သော သဝဏ်လွှာတွင် ရှမ်းပြည်နယ်ကြီးမှတစ်ဆင့် ပြည်ထောင်စုကြီးတစ်ခုလုံး ခိုင်မာသာယာဝပြောအောင် ဆောင်ရွက်ရန် တိုက်တွန်းမျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် အောက်တိုဘာ ၁၉ ရက်နေ့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လောင်ကျွမ်းသွားသော အဓိက ဟိုတယ်အဆောက်အအုံနှင့် Club အဆောက်အအုံအတွက် မြန်မာအာမခံလုပ်ငန်းက မီးအာမခံလျော်ကြေး ကျပ် ၆၉၂ သန်းပေးအပ်ခဲ့ကြောင်း သိရသည်။