Connect with us

Politics, Law & Military

၂ဝ၁၇ ခုနှစ်အတွင်း မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ သိန်းကျော် ဖမ်းဆီးနိုင်ခဲ့

မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သတ်ပြီး ဖမ်းဆီးရမိသော တရားခံအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ သိန်းကျော်အထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

”ကျွန်တော်တို့ မောင်တောမြို့နယ် မှာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လမှ ဒီဇင်ဘာလအထိ မူးယစ်ဆေးဝါး အမှုပေါင်း ၂၇ မှုမှာ စိတ်ကြွှရူးသွပ် ဆေးပြား အမှုက ၂၅ မှု ဖြစ်ပြီး ဆေးခြောက် အမှု နှစ်မှု ဖြစ်ပါတယ်”ဟု မောင်တောမြို့ မူးယစ်တပ်ဖွဲ့စု-၄၆ မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဇော်ဝင်း က ပြောသည်။မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များအတွင်း ၂ဝ၁၇ ခုနှစ် ဇန်န ဝါရီလမှ ဒီဇင်ဘာလအထိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၁၆၂၈၉၇ ပြား နှင့် ဆေးခြောက် ၁၂ ဒသမ ၂၅ ကီလိုဂရမ်တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယင်းတို့တွင် စိတ်ကြွရူးသွပ်ဆေးပြား အမှုဖြင့် အမျိုးသား ၃၆ ဦးနှင့် ဆေးခြောက်အမှုဖြင့် အမျိုးသား နှစ်ဦး စုစုပေါင်း ၃၈ ဦးကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရ သည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ် များသည် နယ်စပ်မြို့များဖြစ်သည့် အလျောက် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးကို ယခုအခါ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ တားဆီး နှိမ်နင်းရေးကို မူးယစ်တားဆီးရေး တပ်ဖွဲ့များအပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.