ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရားမဝင် သယ်ဆောင်လာသော အရွယ်စုံကျောက်စိမ်းတုံး (၃၀)တုံး(၇၇.၀၈)ကီလိုခန့်အား တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) လားရှိုးမြို့၊သိန္နီမြို့နှင့် မူဆယ်မြို့တို့တွင် ငွေကျပ် (၁,၁၈၅) သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၌ ယနေ့နိုဝင်ဘာ ၅ ရက် ၊ နံနက် ၁ နာရီခွဲ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငါးပုဇွန် အဝယ်ဒိုင်(၁၁)ဒိုင်၊ လူနေအိမ် (၁၆)လုံး၊ လူဦးရေ (၇၀) အိုးမဲ့ အိမ်မ ဲ့ဖြစ်ခဲ့ရပြီး...
ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) အပတ်စဉ် စနေ-တနင်္ဂနွေ နေ့များတွင် ရန်ကုန်မြို့သိမ်ဖြူလမ်း၌ ဖွင့်လှစ် ရောင်းချခဲ့သည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) အား နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ...
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ကလေးမြို့ ကလေး-တမူးကားလမ်းအနီးတွင် ဒိုင်နာယာဉ်တစ်စီးက လမ်းဘေးတွင် လမ်းလျှောက်လာသော လူသုံးဦးအား တိုက်မိကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး သုံးဦးသေ၊ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ဝမ်းတွင်းမြို့ (၂)ရပ်ကွက် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းဘေး မိုင်တိုင် (၃၅၇/၇)နှင့်(၃၅၈/ဝ)ကြား မြက်ခင်းပေါ်၌ စက္ကူဗူးများဖြင့် ထည့်ထားသည့် ကျည်မျိုးစုံ ၁၄၇တောင့်ကို နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၁၁နာရီ ဝန်းကျင်က တွေ့ရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) “မြန်မာ့စပါးအုံး”ခေါ် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း နှင့် စိန်ခေါ်သူ ဟဲဗီးဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံ အာလိန်းဂလားနီး “ကျားသစ်နက်” တို့ယနေ့နိုဝင်ဘာ ၃ ရက်တွင် ယှဉ်ပြိုင် ထိုးသတ်ကြရာ အောင်လအန်ဆန်းက အာလိန်းဂလားနီး အား ပထမအချီတွင်ပင် အနိုင်ယူထိုးသတ်နိုင်ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် ဘားအံမြို့မှ အမြင့်ပေ ၂၇၃၄ ပေရှိ ဇွဲကပင် တောင်ပေါ်သို့ တက်ရောက်ရန် ကောင်းကင် ကေဘယ်ကား တည်ဆောက် တပ်ဆင်ရေး လုပ်ငန်းကို တပေါင်းပွဲတော်အမီ ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။