Connect with us

Politics, Law & Military

ကလောမြို့နယ်တွင် ငွေကျပ် သိန်း ၈၄၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ရဲဇာနည်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ကလောမြို့နယ်တွင် ငွေကျပ် သိန်း ၈၄၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ၁၄း၀၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု (၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ မကွေ့ကျေးရွာအနီး ကလော-သာစည် ကားလမ်း၊ မိုင်တိုင်အမှတ် (၅၉/၁)တွင် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်ကိုရှာဖွေရာ ခရီးသည် ဇော်မင်းဦး၏ ကျောပိုးအိတ် အတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၀၀၀ ပြား၊ အိုက်စ် ၂ ကီလို နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဇော်မင်းဦး(၄၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.