Connect with us

Sport

အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲကို၂ဝ၁၈ ခုနှစ်၊ဖေဖော်ဝါရီလ တွင် ကျင်းပရန်စီစဉ်လျက်ရှိ

အောင်လအန်ဆန် နှင့် အာလိန်းဂလားနီး ယှဉ်ပြိုင်ထိုးသတ်နေပုံအားတွေ့စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ ချန်ပီယံဆုကာကွယ်ပွဲကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ ကျင်းပနိုင်ရန်စီစဉ်နေကြောင်း မြန်မာလက်ခမောင်း ကုမ္ပဏီ မှ မန်းနေဂျင်းဒါရိုက်တာ ဦးဇေသီဟ က ဆင်ဟွာကိုပြောသည်။

ဦးဇေသီဟက “အောင်လ နဲ့ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်ကို အခုထိတော့ မရွေးရသေးပါဘူး အခုမှ ဝန်ကြီးဌာနဆီပြိုင်ပွဲလုပ်ခွင့်တင်ထားတုန်းပါ။ နေရာလည်းမရွေးချယ်ရသေးပါဘူး’’ ဟုပြောသည်။

အောင်လအန်ဆန်သည် ၂ဝ၁၇ ခုနှစ် ဇွန်လက ရန်ကုန်မြို့၌ကျင်းပသည့် MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ရုရှားနိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင် ယူကာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။

ဦးဇေသီဟက “ဒီတစ်ခေါက် အောင်လရဲ့ချန်ပီယံဆုကာကွယ်ပွဲမှာ မြန်မာအမျိုးသမီး MMA သမားပါဝင်လာဖို့ရှိပါတယ်။ဒါကတော့ ထူးခြားတာပါမြန်မာချင်းဖြစ်မလား နိုင်ငံခြားသားနဲ့ ဖြစ်မလားဆိုတာ လတ်တလော မဆုံးဖြတ်ရသေးပါဘူး’’ ဆက်လက်ပြောကြားသည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၁ ပွဲယှဉ်ပြိုင်ရာ ၂၁ ပွဲနိုင်၊ ၁ဝ ပွဲရှုံးနိမ့် ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.