ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် MyanmarSat-2 ဂြိုဟ်တုစနစ်ကို ၂၀၁၉ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၁၇ရက်နှင့် ၁၈ရက်နှစ်ရက်တွင် ကျပ် သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၁၂မှ ၁၇ ရက်အတွင်း သက်သေခံကတ်ပြား NV Card ၈၃ဦး စိစစ်ထုတ်ပေးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၁၉ ရက် ည ၉ နာရီက ရွာသွန်း သောမိုးကြောင့် လူနေအိမ်များရေဝင်သဖြင့် အိမ်ခြေ ၄၈၂လုံး ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ယခင် စီးပွားရေး ယန္တရား အသစ်များကိုလည်း ဖိတ်ခေါ်ရမှာ ဖြစ်ကြောင်း NRPC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ ဇမ္မူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက် ထိုက်သူပန် ပျိုးဥယျာဉ်အနီး ပလက်ဖောင်းဘေးမြက်ခင်း၌ ကျည်ဆံ ၄၀ တောင့် တွေ့ရှိကြောင်း ပြည်တဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) မီးလောင်ကျွမ်းခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ထပ်မံတွေ့ရှိခဲ့သော အလောင်းတစ်လောင်းကို ပျောက်ဆုံးနေသော ဧည့်သည် ဟုတ်မဟုတ် စိစစ်နေကြောင်း ပြည်တဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု တစ်သုံးလုံးကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများ ပဋိပက္ခဖြစ်ပွားပြီး ငါးဦးသေဆုံးကာ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) သစ်တောနယ်မြေအတွင်း နှစ်ကာလတစ်ခုအထိ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်နေသော လယ်မြေများအနက် ကောက်ယူရရှိပြီးသော စာရင်းများတွင်ပါဝင်သည့် ဧက လေးသိန်းကျော်ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြည်သူ့...