Connect with us

Politics, Law & Military

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သွက်လက်မြန်ဆန်စေရေး တရုတ်နိုင်ငံနှင့် အတူတကွ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း မြန်မာနိုင်ငံ သမ္မတ ပြောကြား


နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် အတူလက်တွဲရန် အသင့်ရှိကြောင်း မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုသည် ပိုးလမ်းမကြီး စီးပွားရေးလမ်းကြောင်းနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးအား ရည်ညွှန်းကြောင်း၊ အာရှတိုက်အား ရှေးဟောင်း ပိုးလမ်းမကြီး ကုန်သွယ်မှုလမ်းကြောင်း တလျှောက်ရှိ ဥရောပတိုက်၊ အာဖရိကတိုက်နှင့် ချိတ်ဆက်ပေးမည့် ကုန်သွယ်မှုနှင့် အခြေခံ အဆောက်အအုံ ကွန်ရက် တစ်ခု တည်ထောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို နိုဝင်ဘာလ ၁၉ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီးအား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဦးတည်၍ တွန်းအားပေးဆောင်ရွက်သွားပြီး ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်သွားရန် ပြောကြားခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ တည်ဆောက်ရေး အတွက် တရုတ်နိုင်ငံက အဆိုပြုခြင်းအပေါ် ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပြီး ယင်း စီမံကိန်းအတွင်း တရုတ်နိုင်ငံနှင့် တက်ကြွစွာ ပေါင်းစည်းဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော် (ယာ) နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ထို့ပြင် မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ကျေးဇူးတင်ကြောင်း၊ ယင်း အရေးကို အဖြေရှာရာတွင် တရုတ်နိုင်ငံ၏ အကြံပြုချက် သုံးချက်အတိုင်း ပြဿနာများအား ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်ရန် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း ပြောကြားရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဆယ်စုနှစ်ကျော်ကြာ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ကြောင်း၊ ရာစုနှစ်သစ် စတင်ကတည်းက ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေးဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ အနာဂတ်ကာလတွင်လည်း နှစ်နိုင်ငံအနေဖြင့် အတူတကွ မျှဝေမှုရှိသော အသိုက်အဝန်း တစ်ရပ် တည်ဆောက်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံအား ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ပူးတွဲ အကောင်အထည်ဖော်ရေးအတွက် အရေးပါသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် တရုတ်နိုင်ငံက သဘောထားပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းညွှန်ချက်များ၊ လက်တွေ့ကျသော လိုအပ်ချက်များအား အခြေခံကာ တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ တည်ဆောက်ရေး ဆွေးနွေးရန် ဆန္ဒရှိပါကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ပြောခဲ့သည်။

မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရန် စွမ်းဆောင်နိုင်ရည်ရှိမည်ဟု တရုတ်နိုင်ငံ အစိုးရက ယုံကြည်ကြောင်း မြန်မာနိုင်ငံ၏ တောင်းဆိုချက်အတိုင်း တရုတ်နိုင်ငံက ဆက်လက် ထောက်ပံ့မှု ပြုသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင်ပင် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.