Connect with us

Politics, Law & Military

ဝန်ကြီးဌာန နှစ်ခုတိုးချဲ့ပြီး ဝန်ကြီးနှစ်ပါး ခန့်အပ်ရန် သမ္မတက လွှတ်တော်သို့တင်ပြ

ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း လွှတ်တော်အစည်းအဝေးသို့  ရောက် ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဟူသည့် ဝန်ကြီးဌာန နှစ်ခု တိုးချဲ့ ဖွဲ့စည်းပြီး ၎င်းဌာနများအတွက် ပြည်ထောင်စု ဝန်ကြီး နှစ်ပါး ခန့်အပ်နိုင်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ နိုဝင်ဘာ ၁၈ ရက်နေ့က သဝဏ် လွှာ ပေးပို့ခဲ့သည်ဟု ပြည်ထောင်စု လွှတ်တော် နာယကက ယနေ့ နေ့လယ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ ပိုမို ထိရောက် အောင်မြင်မှု ရရှိနိုင်ရေးနဲ့ လုပ်ငန်းတာဝန်များ ဆက်စပ်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့တွင် အောက်ပါ ဝန်ကြီးဌာနများကို ဖြည့်စွက် ဖွဲ့စည်းရန် လိုအပ်လျက် ရှိပါသည်။ က – ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ခ – အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန … လို့ သဝဏ်လွှာမှာ ပါရှိပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အတွက် ပြည်ထောင်စု ဝန်ကြီး အဖြစ် သံအမတ်ကြီး (ငြိမ်း) ဦးသောင်းထွန်းကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်ကို လည်းကောင်း ခန့်အပ်မည်ဟုလည်း သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

အဆိုပါ ဝန်ကြီးဌာနနှစ်ခု တိုးချဲ့ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စု ဝန်ကြီးနှစ်ပါး ခန့်အပ်ခြင်းတို့ကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ဆွေနွေး ဆုံးဖြတ် အတည်ပြုခြင်းများ ဆောင်ရွက်သွားမည်ဟု ဦးမန်းဝင်းခိုင်သန်းက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.