Connect with us

Politics, Law & Military

၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုပေးပွဲ၌ ဆု ၃၉ဆုချီးမြှင့်


ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆု ၃၉ဆုချီးမြှင့်ခဲ့ကြောင်း အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားထံမှ သိရသည်။

အဆိုပါ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုပေးပွဲ၌ တစ်သက်တာစာပေဆုက ၃ဆု ၊ အမျိုးသားစာပေဆုက ၁၀ဆုနှင့် စာပေဗိမာန်စာမူဆု ၂၆ဆု စုစုပေါင်း ၃၉ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆုကို ဆရာကြီး ဦးသာနိုး( မောင်သာနိုး) ဆရာကြီး ဦးသိန်းသန်ထွန်းနှင့် ဆရာကြီး ဦးကျော်ဝင်း(ညှိဝင်း)တို့က ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

” ဆုချီးမြှင့်တယ်ဆိုတာ ထိုက်တန်လို့ ရထိုက်သူကို ချီးမြှင့်တာဖြစ်တဲ့အတွက် ဆုရရှိသူအားလုံးဟာ ထိုက်တန်သူများဖြစ်ကြပါတယ်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာဟာ မင်္ဂလာတစ်ပါးပါပဲ။ စာပေသမားတိုင်းဟာ ကျွန်တော်တို့ရဲ့ မြန်မာစာပေတိုးတက်ကြဖို့၊ လေးနက်တဲ့ စာပေတွေ ပြုစုကြဖို့ တိုက်တွန်းလိုပါတယ်။ စာဖတ်တဲ့တိုင်းပြည်ဟာ ကြီးပွားပါတယ်။ ဒါကြောင့် စာသမားပေသမားရော စာပေသမားမဟုတ်သူများပါ စာများများဖတ်စေချင်ပါတယ်”ဟု ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆုကို ဆရာကြီး ဦးသာနိုးက ပြောကြားသည်။

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၀၁ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ အမျိုးသားစာပေတစ်သက်တာဆုကို တစ်နှစ်လျှင် စာပေပညာရှင်တစ်ဦးကိုသာ ရွေးချယ်ချီးမြှင့်ခဲ့ရာမှ ၂၀၁၂ခုနှစ်ကစပြီး ပညာရှင်သုံးဦးထိ တိုးပြီး ချီးမြှင့်ခဲ့ပြီး ယခု၂၀၁၆ခုနှစ်အတွက်လည်း ၃ဦးချီးမြှင့်ခဲ့ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဆိုသည်။

အမျိုးသားစာပေဆုချီးမြှင့်ရာတွင် ဘာသာရပ်များကို တစ်နှစ်ထက်တစ်နှစ်တိုးချဲ့ချီးမြှင့်လာခဲ့ပြီး လက်ရှိ ဘာသာရပ်၁၆မျိုးအထိ တိုးချဲ့ ဆုချီးမြှင့်ခဲ့ကြောင်း စာပေဗိမာန်စာမူဆု ပြိုင်ပွဲအတွက်လည်း ဘာသာရပ်တွေကိုတိုးချဲ့ ချီးမြှင့်ခဲ့ရာတွင် လက်ရှိ ဘာသာရပ်၁၃ခုအထိ ရှိလာပြီးတစ်သက်တာလုံး ထူးချွန်ပြောင်မြောက်စွာ အားထုတ်ရေးသားပြုစုခဲ့သော စာပေသမားများ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေဖြင့် အမျိုးသားစာပေတစ်သက်တာဆုကို ၂၀၀၁ခုနှစ်ကစပြီး နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဒုတိယ သမ္မတက ပြောသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.