Connect with us

Politics, Law & Military

အဂတိ တိုက်ဖျက်ရေး ကော်မရှင် အသစ် ကို ယခု သီတင်းပတ်အကုန်တွင် အတည်ပြုမည်

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် သို့တင်ပြခဲ့သည့် အဖွဲ့ဝင် ၁၂ ဦးပါ အဂတိ တိုက်ဖျက်ရေး ကော်မရှင် အသစ်ကို နိုဝင်ဘာ ၂၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်က သဘော တူကြောင်း၊ သို့မဟုတ် ကန်ကွက် ကြောင်းများ ဆောင်ရွက်မည်ဟု လွှတ်တော် နာယကက ပြောသည်။

“ပြည်ထောင်စု အစိုးရအဖွဲ့ ဒုတိယ သက်တမ်းကာလမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သစ်ကို ဖွဲ့စည်း ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥပဒေ ပုဒ်မ ၇(က) ပါ ပြဌာန်းချက်နဲ့အညီ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ရယူပေးနိုင်ဖို့ နိုင်ငံတော် သမ္မတက ၁၉ – ၁၁ – ၂၀၁၇ နေ့မှာ ပြည်ထောင်စု လွှတ်တော်ကို စာပို့ခဲ့ပါတယ်၊ အဖွဲ့ဝင် အမည်စာရင်းပါ ပုဂ္ဂိုလ် တစ်ဦးဦးနှင့် စပ်လျဉ်းပြီး ကန့်ကွက်မှု တစ်စုံ တစ်ရာ မရှိပါက ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်သူ ရှိပါက ကန့်ကွက်ကြောင်း အဆို တင်သွင်းသည့် အစီအစဉ်ကို နိုဝင်ဘာ ၂၃ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆောင်ရွက်ပါမယ်” ဟု ဦးမန်းဝင်းခိုင်သန်းက ယနေ့ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့ဝင် ၁၂ ဦး တို့မှာ နိုင်ငံတော် သမ္မတက ရွေးချယ်သည့် အငြိမ်းစား ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အငြိမ်းစား ညွှန်ကြားရေးမှူး ဦးစိုးတင့်၊ အထူးစုံစမ်း စစ်ဆေးရေးမှူး ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးအောင်လွင်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးဟန်ညွန့်တို့ – လေးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်သည့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဦးစီးဌာန ညွှန်ချုပ် (ငြိမ်း) ဒေါ်မြတ်မြတ်စိုး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်သန်းမြင့်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစန်းဝင်း၊ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့် – လေးဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်သည့် တရားလွှတ်တော် ရှေ့နေ ဦးမျိုးမြင့်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ြဲငိမ်း) ဒေါ်အေးအေးမူ၊ ရဲချုပ် (ဲငြိမ်း) ဦးဇော်ဝင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်လဲ့လဲ့သွင် တို့ လေးဦးတို့ ဖြစ်ကြပြီး ဦးအောင်ကြည်အား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဦးစန်းဝင်းအား အတွင်းရေးမှူး အဖြစ်လည်းကောင်း ဖွဲ့စည်းမည့် စာရင်းတွင် ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.