ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တာလေမြို့တွင် ငွေကျပ် သိန်း ၈၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ဘောလုံးအားကစား ထွန်းကားရေး၊ လူငယ်ဘောလုံး ပြိုင်ပွဲများ ပုံမှန်ကျင်းပသွားရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တို့ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်များတွင် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးမှ အားကစားကွင်း ၊ အားကစားရုံများ ၊ ရေကူးကန်များအား အဟောင်းများကို ပြုပြင် ၊ အသစ်များကို တိုးချဲ့ဆောက်လုပ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းရှိ...
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်း စီမံချက် (၂၀၁၄-၂၀၂၀) အရ ၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချရန် ရည်မှန်း ဆောင်ရွက်လျက် ရှိကြောင်း အမျိုးသား ယာဉ်အန္တရာယ်...
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ပျော်ဘွယ်မြို့နယ်အတွင်း အောက်တိုဘာလ(၃)ရက်၊ နံနက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ရန်အောင် ကျေးရွာရှိ ရန်အောင်ကန်ရေလျှံကာ ပျော်ဘွယ်-နတ်မောက် ကားလမ်းမပေါ်ရေကျော်ပြီး ရန်အောင်ကျေးရွာ၊ ပင်းစု ကျေးရွာ၊ ပဲ့ကန်ကျေးရွာ၊ စပါယ်ကုန်းကျေးရွာများသို့ ရေများဝင်ရောက်ခဲ့မှုကြောင့် သီးနှံစိုက်ခင်းများအတွင်း ရေဝင် ရောက်ခြင်း၊ ပျော်ဘွယ်-နတ်မောက် ကားလမ်းမပေါ်ရေကျော်နေခြင်းတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ပညာရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆရာဆရာမများ တိုးမြှင့် ခန့်ထားနိုင်ရေးအတွက် မူလတန်းဆရာဖြစ်သင်တန်းများကို မြောက်ဦးမြို့တွင် အောက် တိုဘာ ၄ ရက်နှင့် ကျောက်ဖြူမြို့၌ အောက်တိုဘာ ၉ ရက်တွင် ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး ယင်းသင်တန်း များမှ ဆရာဆရာမ ၁၀၀...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဖားကန့်မြို့နယ်ဝှေခါကျေးရွာအနီး တွင် မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၁)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူ ရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂ဝ၁၇ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၃ ဒသမ ၃၉ သန်း ဖြစ်ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ယနေ့နံနက်တွင် မြန်မာနိုင်ငံပြည်တွင်း (ပေါက်မြို့၏ အနောက်တောင်ဘက် ၅မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာ၏ ဖိတ်ကြားချက် အရ ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ၊ ဘန်ဒါဆာရီ...