Connect with us

Politics, Law & Military

၁၃ ကြိမ်မြောက် အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ် အစည်း အဝေး များ အောင်မြင်စွာ ကျင်းပ နိုင်ရေး ညှိနှိုင်း

၁၃ ကြိမ်မြောက် အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပရေး ဗဟိုေ က်ာမတီ၏ တတိယအကြိမ် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အိမ်ရှင် အဖြစ် နိုဝင်ဘာလ ၁၇ ရက် မှ ၂၁ ရက် အထိ လက်ခံ ကျင်းပမည့် (၁၃) ကြိမ်မြောက် အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်မှုများအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညှိနှိုင်း လမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။

၁၃ ကြိမ်မြောက် အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပရေးဗဟိုကော်မတီ၏ တတိယအကြိမ် အစည်းအဝေးအား ယနေ့နိုဝင်ဘာ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ရာ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် ၁၃ ကြိမ်မြောက် အေဆမ်(အာရှ-ဥရောပ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဖွဲ့စည်း ထားသော ဆပ်ကော်မတီအသီးသီးမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်ရန် ရှိသည်များနှင့် ပေါင်းစပ် ဆောင်ရွက်ရန် ရှိသည်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.