Connect with us

Social

စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း နိုဝင်ဘာ ၁၁ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်

ဇန်န၀ါရီလ ၇ ရက်တွင် ဖွင့်လှစ်ခဲ့သော စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

အပတ်စဉ် စနေ-တနင်္ဂနွေ နေ့များတွင် ရန်ကုန်မြို့သိမ်ဖြူလမ်း၌ ဖွင့်လှစ် ရောင်းချခဲ့သည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) အား နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူ နှင့် ဖြန့်ချိသူများ အသင်းမှ သိရသည်။

စာအုပ်လမ်း ဖွင့်ပွဲ အထိမ်းအမှတ် နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက် အထိ သုံးရက် တိုင် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ကျန်ရက်သတ္တပတ်များတွင် စနေ-တနင်္ဂနွေနေ့များ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ပြန်လည် ဖွင့်လှစ်မည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) တွင် စာအုပ်ဆိုင်များ နှင့် အထိမ်းအမှတ် ပစ္စည်း အရောင်းဆိုင်များ အပါအဝင် စုစုပေါင်း ဆိုင်ခန်း ၁၇၀ ခန့်ဖြင့် ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင် စာအုပ်လမ်းသို့လာရောက်မည့် စာဖတ်သူများအား စာအုပ် လက်ဆောင် ပေးခြင်း ၊ ရေးသူဖတ်သူ ဆွေးနွေးပွဲ ကျင်းပခြင်း ၊ စာရေးသူတို့၏ စာဖတ်ဝိုင်း အစီအစဉ် ၊ စာပေ ပဟေဠိ အစီအစဉ် ၊ တေးဂီတ အစီအစဉ်များဖြင့် ဖျော်ဖြေခြင်း ၊ ကာတွန်း ဆရာများ၏ ကယ်ရီကေးချား ရေးဆွဲခြင်း စသော အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) အား ယခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး မိုးတွင်း ကာလတွင် ခေတ္တ ပိတ်ထားခဲ့ကြောင်း သိရသည်။

စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းအား ပြန်ကြားရေး ဝန်ကြီးဌာန၏ စာအုပ်စာပေ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အရ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ တို့၏ ကူညီမှု နှင့် အတူ ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.