Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ တက်ရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေး၏ ဖိတ်ကြားချက်အရ မနီလာမြို့တွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေး နှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ဖိလစ်ပိုင်သမ္မတနိုင်ငံသို့ မကြာမီ သွားရောက်မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်၏ ဖိတ်ကြားချက် အရ ဒါနန်းမြို့တွင်ကျင်းပမည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့် တွေ့ဆုံပွဲ သို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117