Connect with us

Science & Technology

မြစ်သာမြစ်ကူးစိုင်ဒူးတံတား မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု

မြစ်သာမြစ်ကူးစိုင်ဒူးတံတား မော်တော်ယာဉ်များ သွားလာနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါး- ကလေးကားလမ်းတွင် အသစ်ဆောက်သည့် မြစ်သာမြစ်ကူး စိုင်ဒူးတံတားအား မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့၊ နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီ ၁၀ မိနစ် မှ စတင်၍ မော်တော်ယာဉ်များ စတင်ဖြတ်သန်းမောင်းနှင် သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါမြစ်ဖြတ်တံတားဟောင်းမှာ ကြံ့ခိုင်မှုအားနည်းနေပြီဖြစ်သည့် အတွက် တံတားသစ်ကို တံတား အထူးအဖွဲ့ (၁၀) ၊ တံတားတည်ဆောက်ရေးအဖွဲ့(၃) က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစတင်ကာ တည်ဆောက်ခဲ့သည်။ ခွင့်ပြုတန်ဖိုး ကျပ် ၁၉၅၀ သန်း ဖြင့် သံကူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ထားပြီး တံတားအကျယ် ၃၂ ပေ၊ အရှည် ၆၀၀ ပေ ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.