Connect with us

Politics, Law & Military

တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်၌အရွယ်စုံကျောက်စိမ်းတုံး (၃၀)တုံး(၇၇.၀၈)ကီလိုခန့်အား သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ကျောက်စိမ်းတုံး များနှင့် အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- ရဲဇာနည်)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရားမဝင် သယ်ဆောင်လာသော အရွယ်စုံကျောက်စိမ်းတုံး (၃၀)တုံး(၇၇.၀၈)ကီလိုခန့်အား တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီအချိန် ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ သံလွင်ကူးတို့ ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၂၇)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (လွိုင်လင်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် နမ့်စန်ဘက်မှ ကျိုင်းတုံဘက်သို့ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ အောင်မျိုးဦး မောင်းနှင်ပြီး ကျောက်ဆည်မြို့၊ တင်စုရပ်ကွက်နေ အောင်ကိုမြင့် လိုက်ပါလာသည့် EE/×××× AD VAN ခဲရောင်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်နောက်ဖုံးခန်းအတွင်း ဆာလာအိတ်များဖြင့်ပတ်လျက် အရွယ်စုံကျောက်စိမ်းတုံး (၃၀)တုံး(၇၇.၀၈)ကီလိုခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် အောင်မျိုးဦးနှင့် အောင်ကိုမြင့်တို့(၂)ဦး အား ကာလိနယ်မြေရဲစခန်း(ပ)၉/၂၀၁၇၊ ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂(က) ဖြင့် အမှု ဖွင့် အရေးယူ ထားကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.