ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက် (၂) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ငါးဦးခန့်ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် အနာဂတ်ကာလတွင် တွေ့ကြုံလာရမည့် စိန်ခေါ်မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် MICC II တွင် ယနေ့ ကျင်းပသည့် အာဆီယံ...
ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) မလေးရှား နိုင်ငံ၌ ကျင်းပနေသည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ ဘောလုံး အသင်း နှင့် စင်ကာပူ ယူ-၂၂ ဘောလုံး အသင်းတို့သည် ယနေ့သြဂုတ် ၁၄ ရက်တွင် ဘောလုံး...
ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) ချင်းတွင်းမြစ်ရေ နှင့် ဧရာဝတီမြစ်ရေ တို့သည် ခန္တီး ၊ ဟုမ္မလင်း နှင့် ရွှေကူ မြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒ...
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ၄ခုနှင့် ပြည်နယ် ၅ခုတို့တွင် ဇွန်လအတွင်း တရားမဝင်သစ် တန် ၂၀၀ကျော် ဖမ်းဆီးရမိထားကြောင်း သစ်တောဦးစီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေသန့် လုပ်ငန်း ပေါင်း ၃ဝဝ ကျော်ရှိအား FDA ၏ စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိနေသေးသည့် လေယာဉ်အစိတ်အပိုင်း များအားရှာဖွေရာတွင် လေယာဉ်၏ Fuel Control Unit တစ်ခုအပါအဝင် လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းများအား ထပ်မံရှာဖွေ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက် ၃ ခုမှ လူဦးရေ ၃၃၁ ဦး ရေဘေးလွတ်ရာသို့ကူညီပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) မောင်တောမြို့နယ် နတ်မြစ်အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် ဖမ်းဆီးရမိသော လှေအား စစ်ဆေးရာ ပလပ်စတစ် အိတ်အတွင်းမှ ငွေကျပ် ၉၅၀ သိန်း တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၄၇၅၀၀ ပြား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီထံမှ...