Connect with us

Science & Technology

ဇွဲကပင်တောင်တက် ကေဘယ်ကား တပ်ဆင်မှု တပေါင်းပွဲတော်အမီ ပြီးစီးရန် ဆောင်ရွက်လျက်ရှိ

ကေဘယ်ကားစီးနေသူများအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် ဘားအံမြို့မှ အမြင့်ပေ ၂၇၃၄ ပေရှိ ဇွဲကပင် တောင်ပေါ်သို့ တက်ရောက်ရန် ကောင်းကင် ကေဘယ်ကား တည်ဆောက် တပ်ဆင်ရေး လုပ်ငန်းကို တပေါင်းပွဲတော်အမီ ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကေဘယ်ကားကို တောင်ခြေရှိ လုမ္ဗိနီ ဥယျာဉ်၌ ဇွဲကပင်ဆရာတော်ကြီး မှ ဦးဆောင်၍ တည်ဆောက် လျက်ရှိပြီး၊ ဆရာတော်ကြီးမှာ သက်တော် ၈ဝ ရှိ ကာ ဘဒ္ဒန္တကဝိဓဇဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတစ်ပါးဖြစ်ကြောင်း သိရသည်။ အတက် တွင် ဘုရားဖူး ၅ဝ လိုက်ပါ သွားနိုင်ပြီး အဆင်း ဘုရားဖူး လူ ၅ဝ သယ်ယူ လာနိုင်မည့် အလုံပိတ် ကေဘယ် ကားဖြစ်ကြောင်း၊ ၁၃၇၉ ခုနှစ် ယခုနှစ် တပေါင်းလ ဇွဲကပင်တောင်တော် ဘုရားပွဲအမီ အပြီး တပ်ဆင် တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

ဆရာတော်ကြီးသည် ဇွဲကပင်တောင်၊ တောင်ခြေရှိ လုမ္ဗိနီ ဥယျာဉ်၊ မဲပေါင်းငါးစာသင်တိုက်၊ ဝိပဿနာတရားစခန်း၊ ကုသိုလ်ဖြစ်ဆေးရုံ စသည့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက် လုပ်ကိုင် ခဲ့ကြောင်း၊ ဇွဲကပင်တောင်ခြေရှိ လုမ္ဗိနီ ဥယျာဉ်၌ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ ၁၁၂၁ ဆူ ကိုလည်း ထုလုပ်တည်ထားကြောင်း၊ လုမ္ဗိနီဥယျာဉ်မှ ဇွဲကပင်တောင်ခြေကိုရောက်သည့် ကေဘယ်ချဲ လူ ၃ဝ စီးနိုင် သည့် တစ်စုံကို မန္တလေးမြို့မှ အလှူရှင် ဦးကျော်ကျော်ဆိုသူ တပ်ဆင်ပြီး ဆရာတော်ကြီးကို လှူဒါန်း ခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် တပေါင်းလဆန်း ၁ ရက်မှစ၍ လူတစ်ဦး ငွေကျပ် ၁ဝဝဝ နှုန်း နှင့် ပို့ဆောင်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.