Connect with us

Science & Technology

မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာနေ လူငယ်တစ်ဦး တီထွင်ထားသောလေယာဉ်ငယ် စမ်းသပ်ပျံသန်းခွင့် ရရှိရန် တင်ပြထား

ကျွန်းကြီးကျေးရွာနေ လူငယ်တစ်ဦး တီထွင်ထားသောလေယာဉ်ငယ်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာနေ လူငယ်တစ်ဦး တီထွင်ထားသောလေယာဉ်ငယ် စမ်းသပ်ပျံသန်းခွင့်ရရှိရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာတွင် သစ်သားကိုယ်ထည် သစ်သားတောင်ပံဖြင့် လေယာဉ်ငယ်တစ်စင်းကို ၁၉ နှစ်အရွယ် ကျွန်းကြီးကျေးရွာသား ကိုကျော်ဇင်ဝင်းက တည်ဆောက်ကာ စက်တပ်ဆင်ပြီးပြီဖြစ်၍ လာမည့်(တန်ဆောင်မုန်းလပြည့်နေ့) နိုဝင်ဘာ ၃ ရက်တွင် စမ်းသပ်ပျံသန်းရန် စီစဉ်ထားသော်လည်း တင်ပြထားသော ပျံသန်းခွင့်မှာ မကျသေးသောကြောင့် စမ်းသပ် ပျံသန်းရမည့်နေ့ကို စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၁၉နှစ်အရွယ် ကိုကျော်ဇင်ဝင်းအနေဖြင့် မိဘက တောင်သူလုပ်သော်လည်း သူ့အနေဖြင့် လက်သမားအလုပ်ကို လုပ်ကိုင်ကာ မိဘနှင့် ညီအစ်ကို မောင်နှမ သုံးဦး စုစုပေါင်း ငါးဦးကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း၊ မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်အနေဖြင့် လေယာဉ်စမ်းသပ်ပျံ သန်းမှု ခွင့်မပြုသေးဘဲ မုံရွာခရိုင်အုပ်ချုပ် ရေးမှူးမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အဆင့်ဆင့် တင်ပြမှုကို အောက်တိုဘာ ၃၁ ရက်က တင်ပြထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.