Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ရှည်စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ဟုဆို

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်သို့ သွားရောက်စဉ် (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန် နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများသည် တစ်နေရာတည်းတွင် တစ်ခဏတာလုပ်ရမည့်အလုပ်မဟုတ်ဘဲ ရေရှည်စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ လုပ်ငန်းစဉ်များတွင် ဒေသခံများပါဝင်ရန် လိုအပ်ပြီး လုပ်ငန်းများပိုမိုကောင်းမွန်လာအောင် မည်သို့ဆောင်ရွက်ရမည်ကို စဉ်းစားတီထွင်ကြံဆ ဆောင်ရွက်ရန်လိုကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာတွင် လိုအပ်သည့်နေရာများသို့ အမှန်တကယ် ရောက်ရှိရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

ထောက်ပံ့ရေးပစ္စည်း လိုအပ်ချက်များကိုပါ သိရှိ ရန်လိုအပ်ကြောင်း၊ ထိုသို့မဟုတ်ပါက ထောက်ပံ့မှုများသည် အဟောသိကံဖြစ်သွား နိုင်ပါပြီး မကျေနပ်မှုများဖြစ်လာနိုင်ကြောင်း၊ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် ရရှိမှုများအတွက် နားလည်မှုမလွဲစေလိုရန်လိုအပ်ကြောင်း၊ ပစ္စည်း၊ ငွေကြေးထောက်ပံ့ ရာတွင် စာရင်းဇယားစနစ်တကျဆောင်ရွက်ထားရန် လိုအပ် ကြောင်း၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများလည်း ပေးရန်လိုအပ်ကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပန်းတောပြင်ကျေးရွာ၌ နေထိုင် သူများတွေ့ဆုံပြီး ပန်းတောပြင်ကျေးရွာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင် ရွက်နေမှုမှာ ဒေသတွင်းနေထိုင်သူများ အေးအေးချမ်းချမ်းနေထိုင်နိုင်ရန်ဖြစ်သည့်အတွက် ဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း၊ ကလေးများအား ပညာကောင်းမွန်စွာသင်ကြား ပေးလိုကြောင်း၊ ပညာဆိုသည်မှာ တက္ကသိုလ်က ဘွဲ့လက်မှတ်ရမှ ပညာတတ်မဟုတ်ပါကြောင်း၊ အသက်မွေးဝမ်းကြောင်း ပညာရပ်များလည်း သင်ကြားပေးချင်ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးဦးမင်းသူ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်ကြသော ဦးဇော်ဇော်၊ ဦးပြည့်ဖြိုးတေဇ၊ ဒေါ်နန်းလိုင်ခမ်းနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရခိုင်ပြည်နယ်မြောက်ခြမ်း မောင်တောခရိုင် ပန်းတောပြင်၊ ခုံတိုင်(မြို)ရွာသစ်၊ တောင်ပြို လက်ဝဲ၊ ကျီးကန်း ပြင်၊ ဒေသများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာ ၂ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သွားသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.