Connect with us

Environment, Disasters & Accidents

ကလေးမြို့၌ ဒိုင်နာယာဉ်သည် လမ်းလျှောက်လာသူများကို တိုက်မိကာ တိမ်းမှောက်ပြီး သုံးဦးသေ၊ ၁၅ ဦးဒဏ်ရာရရှိ

ကလေး-တမူးကားလမ်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ကလေးမြို့ ကလေး-တမူးကားလမ်းအနီးတွင် ဒိုင်နာယာဉ်တစ်စီးက လမ်းဘေးတွင် လမ်းလျှောက်လာသော လူသုံးဦးအား တိုက်မိကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး သုံးဦးသေ၊ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လူ ၁၅ဦး တင်ဆောင်လာသော ဒိုင်နာယာဉ်သည် နိုဝင်ဘာ ၃ရက်နေ့ နေ့လည် ၂နာရီခွဲတွင် ကံကြီးကျေးရွာ မြသိန်းတန်ဘုရားပွဲမှ အပြန် ကလေး-တမူးကားလမ်း မိုင်တိုင်(၁၇/၁၈) စခန်းကြီးကျေးရွာအနီး လမ်းဘေးတွင် လမ်းလျှောက်နေသော အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မှာ တိမ်းမှောက်သွားကြောင်း သိရသည်။

ယာဉ်တိုက်မိ တိမ်းမှောက်မှုကြောင့် လမ်းလျှောက်နေသူ သုံးဦးသည် ဦးနှောက်ပွင့်ထွက်၊ ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ၁၅ဦး တို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ယင်းယာဉ်တိုက် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း (ဖမ်းမမိ)အား ကလေးမြို့မရဲစခန်းမှ ယာဉ်(ပ)၉၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန် နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)